အထူးအစီအစဉ်တွင် ရာနှုန်းပြည့်ပညာသင်ဆုပေးအပ်မည့် 𝐃𝐢𝐩𝐥𝐨𝐦𝐚 𝐢𝐧 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 (𝐰𝐢𝐭𝐡 𝐄𝐬𝐩𝐨𝐫𝐭𝐬) ကို ဒီဇင်ဘာလတွင် စတင်ဖွင့်လှစ်မည်

𝐃𝐢𝐩𝐥𝐨𝐦𝐚 𝐢𝐧 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 (𝐰𝐢𝐭𝐡 𝐄𝐬𝐩𝐨𝐫𝐭𝐬) ကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်မှာ စတင်ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

Esports နယ်ပယ်မှာ မိမိဝါသနာနဲ့အလုပ် တစ်ထပ်တည်းကျပြီး အသက်မွေးဝမ်းကျောင်းလုပ်ကိုင်ချင်သူများအတွက် 𝐍𝐂𝐂 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 (𝐔𝐊) မှ ပေးအပ်ချီးမြှင့်တဲ့ 𝐃𝐢𝐩𝐥𝐨𝐦𝐚 𝐢𝐧 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 (𝐰𝐢𝐭𝐡 𝐄𝐬𝐩𝐨𝐫𝐭𝐬) သင်တန်းကို KMD Institute နဲ့ Next LvL Esports Academy တို့မှ ပူးပေါင်းပြီး မြန်မာနိုင်ငံမှာ ပထမဆုံး ဖွင့်လှစ်သင်ကြားပေးမှာဖြစ်တယ်လိို့ သိရပါတယ်။ သင်တန်းကို UK ဘွဲ့ဒီဂရီရဲ့ ပထမနှစ်နဲ့ညီမျှပြီး တက္ကသိုလ်ဝင်တန်း (သို့) IGCSE ဖြေဆိုအောင်မြင်ပြီးသူတွေ၊ SQA (UK) မှပေးအပ်တဲ့ 𝐍𝐏𝐀 (𝐍𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐏𝐫𝐨𝐠𝐫𝐞𝐬𝐬𝐢𝐨𝐧 𝐀𝐰𝐚𝐫𝐝) ၂ လသင်တန်းကို တက်ရောက်ပြီးသူတွေ တက်ရောက်နိုင်ပါတယ်။

သင်တန်းမှာ Business ပိုင်းတွေဖြစ်တဲ့ Business Organizations, Marketing, Finance, eBusiness, Economics, Business Mathematics အစရှိတဲ့ စီးပွားရေးပညာရပ်တွေအပြင် Esports နဲ့ ပတ်သက်တဲ့ Esports စီးပွားရေးလုပ်ငန်းများနဲ့ အလုပ်အကိုင်အခွင့်အလမ်းများ၊ Esports လုပ်ငန်းများ လည်ပတ်ပုံနှင့် Esports Business Model လို ဝင်ငွေရှာနိုင်သောနည်းလမ်းများ၊ Esports နဲ့ အခြား Industry တွေ့ရဲ့ ဆက်စပ်ပုံတွေ၊ Esports League နဲ့ Tournament စီစဉ်ကျင်းပတဲ့ပုံစံတွေ၊ Esports နယ်ပယ်မှာရှိတဲ့ Professional တစ်ယောက်အနေနဲ့ လိုက်နာကျင့်သုံးရမယ့် ကျင့်ဝတ်တွေ၊ Esports Team တွေသာမကဘဲ ဘယ် Team တွေကို မဆို စီမံခန့်ခွဲနိုင်မယ့် ပညာရပ်များကိုပါ စာတွေ့ရော လက်တွေ့ပါ သက်ဆိုင်ရာ လုပ်ငန်းအတွေ့အကြုံရှိသူများက Esports လုပ်ငန်းခွင်မှသာမက လုပ်ငန်းပေါင်းစုံမှ ဥပမာများဖြင့် သင်ကြားပေးမှာဖြစ်ပါတယ်။

Esports University Pathway Program (UK) သင်တန်းကို ဒီဇင်ဘာ မှာဖွင့်မယ့် First Batch မှာတက်ရောက်သူတွေ အတွက် အထူးအစီအစဉ်တွေ အနေနဲ့ ၁၀၀ ရာခိုင်နှုန်းပညာသင်ဆု၊ ဒေါ်လာ ၁၀၀၀ ပညာသင်ဆု နဲ့ လစဉ် (၄) သိန်းကျပ်သာ ပေးရမယ့် အတိုးမဲ့ သင်တန်းကြေးအရစ်ကျစနစ်တွေ ပေးအပ်သွားမှာ ဖြစ်ပါတယ်။

၁၀၀ ရာခိုင်နှုန်း 𝗝𝗼𝗶𝗻𝘁 𝗙𝘂𝗹𝗹 𝗦𝗰𝗵𝗼𝗹𝗮𝗿𝘀𝗵𝗶𝗽 အစီအစဉ်အတွက် စိတ်ပါဝင်စားသူတွေအနေနဲ့ https://forms.gle/2QesKddG2UiS9ink9 မှာစာရင်းပေးသွင်းလျှောက်ထားနိုင်မှာဖြစ်ပါတယ်။ အသေးစိတ်ကို ဖုန်း – ၀၉၂၆၂၆၀၀၄၅၀ သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««