အထူးထုတ် Porsche Design Huawei Mate 40 RS

Huawei ဟာ Porsche Design နဲ့ပူးပေါင်းထားတဲ့ အထူးထုတ် Mate 40 ကိုလည်း မိတ်ဆက်ခဲ့ပါတယ်။ Prosche Design Huawei Mate 40 RS ကတော့ Mate 40 Pro စီးရီးနဲ့ ဆင်ပါတယ်။

Porsche Design Huawei Mate 40 RS မှာတော့ နာနိုနည်းပညာ ceramic အသုံးပြုထားတဲ့အတွက် ဖုန်းက အလွန်မာကျောပါတယ်။ ဖုန်းရဲ့မာကျောမှုကတော့ နီလာလို ဖြစ်ပြီး တောက်ပမှုက စိန်လိုပဲလို့ ပြောထားပါတယ်။ Porsche Design Huawei Mate 40 RS ကင်မရာကတော့ အဋ္ဌဂံကင်မရာ ဒီဇိုင်းကို အသုံးပြုထားပါတယ်။

Porsche Design Huawei မှာ မျက်နှာပြင် ၆.၇၆ လက်မ OLED display နဲ့ 90Hz refresh rate ပါဝင်ပြီး punch hole ထဲမှာ 13MP ကင်မရာနဲ့ 3D depth-sensing ကင်မရာကို ထည့်ထားပါတယ်။

Kirin 9000 နဲ့အတူ RAM 12GB နဲ့ 512GB storage ပါဝင်လာပါတယ်။ ကျောဘက်မှာတော့ 50MP Ultravision ကင်မရာနဲ့ 20MP ultrawide Cine Camera နဲ့ 12MP telephoto ကင်မရာနဲ့အတူ 3x optical zoom နဲ့ OIS, 8MP SuperZoom မှာတော့ 10x opticalzoom နဲ့ OIS ပါဝင်လာပါတယ်။

ဘက်ထရီကတော့ 4400mAh ရှိပြီး ကြိုးနဲ့အားသွင်း 66W Huawei SuperCharge နဲ့ 50W ကြိုးမဲ့ Huawei SuperCharge ထောက်ပံ့မှု ပါဝင်လာပါတယ်။ ဈေးနှုန်းကတော့ ၂,၇၁၅ ဒေါ်လာ ကျသင့်ပါမယ်။

-စိုးထက်
Ref: GizmoChina

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««