အထက်တန်းအဆင့်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် တစ်ပတ်ခြားစီ ဖွင့်လှစ်နိုင်မည်

အထက်တန်းအဆင့်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် တစ်ပတ်ခြားစီ ဖွင့်လှစ်နိုင်မယ်လို့ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ် ရေးညှိနှိုင်းအစည်းအဝေးမှသိရပါတယ်။

နိုင်ငံတစ်ဝန်း အထက်တန်းအဆင့် ကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် ကျောင်းအရေအတွက် အနေဖြင့် တစ်သုတ်တက်ကျောင်း ၆၁၇ ကျောင်း၊ တစ်ပတ်ခြားတက် ကျောင်း ၂၄၇၁ ကျောင်း၊ တစ်ပတ်ခြားနှစ်သုတ်တက်ကျောင်း ၂၄၀၁ ကျောင်း၊ တစ်ပတ်ခြားနှစ်သုတ် သုံးရက်တက်ကျောင်း ၁၄၄ ကျောင်း ဖွင့်လှစ်နိုင်မည်ဟု စီစစ် ခန့်မှန်းထားပါကြောင်း၊ ကျောင်းများပြန်လည်ဖွင့်လှစ်ချိန်တွင် ဆရာများနှင့် ကျောင်းသားများအားလုံး ပြန်လည်အသုံးပြုနိုင်သော အဝတ်နှာခေါင်းစည်းနှစ်ခုစီနှင့် မျက်နှာကာ တစ်ခုစီ အခမဲ့ဖြန့်ဝေသကဲ့သို့ ကျောင်းသုံးဖတ်စာအုပ်များ၊ ဗလာစာအုပ်များ စသည်တို့ကို အခမဲ့ဖြန့်ဝေသွားရန် စီစဥ်လျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးကပြောပါတယ်။

သင်ရိုးညွန်းတမ်းတွေနဲ့ သင်တန်းတွေအတွက်လည်း အမျိုးသားပညာရေးမူဝါဒ ကော်မရှင်၊ အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီမှ တာဝန်ရှိသူများပူးပေါင်းလျက် ယခုပညာသင်နှစ်အတွက် စီစဥ်ဆောင်ရွက်မှုတွေနဲ့ ကိုက်ညီသော သင်ရိုးမာတိကာ သင်ခန်းစာတွေစီစဥ် ဆောင်ရွက်နေပြီး Home Assignment ပေးကာသင်ယူတတ်မြောက်မှုကောင်းမွန်ရေးကို အထောက်အကူပြုနိုင်ဖို့ အတွက်လည်း မိဘများ ပူးပေါင်းပါဝင်လာရေးကို အာပေးကာ ကာလတိုသင်တန်းများ စီစဥ် ဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။

အစည်းအဝေးကို Video Conferencing ဖြင့် ဇွန် ၁၀ ရက်က နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ် ၁၃ အစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။