အထက်တန်းကျောင်းသား ကျောင်းသူများ ဇူလိုင် ၁၃ ရက်မှ စတင်ကာ ကျောင်းအပ်ရမည်

၂၀၂၀ ပြည့်နှစ် ဇူလိုင် ၁၃ ရက်မှ ၁၇ ရက်အထိ အထက်တန်းဆင့် ကျောင်းအပ်နှံရေးသီတင်းပတ်ဖြင့် ပညာရေးဝန်ကြီးဌာနက သတ်မှတ်လိုက်ပါတယ်။

၂၀၂၀-၂၀၂၁ ပညာသင်နှစ် အထက်တန်းကျောင်းသား ကျောင်းသူတွေ အတွက် သင်ယူရမယ့် သင်ရိုးသစ်ဘာသာတွဲတွေကို လေးမျိုးခွဲခြားထားတယ်လို့ သိရပါတယ်။ သင်ရိုးသစ် ဒသမတန်း (Grade -10) မှာသင်ယူရမယ့် ဘာသာတွဲတွေကတော့ STEAMS-1 အနေနဲ့ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ၊ လူမှုရေးသိပ္ပံ (ပထဝီဝင်+သမိုင်း+ဘောဂဗေဒ)၊ စာရိတ္တနှင့် ပြည်သူ့နီတိ၊ ဘဝတွက်တာကျွမ်းကျင်စရာ၊ ကာယပညာ သို့မဟုတ် အနုပညာ (ပန်းချီ) သို့မဟုတ် အနုပညာ (ဂီတ) တို့ပါဝင်ပြီး STEAMS-2 အနေနဲ့ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဘောဂဗေဒ၊ ပထဝီဝင်+သမိုင်း၊ စာရိတ္တနှင့် ပြည်သူ့နီတိ၊ ဘဝတွက်တာ ကျွမ်းကျင်စရာ၊ ကာယပညာ သို့မဟုတ် အနုပညာ (ပန်းချီ) သို့မဟုတ် အနုပညာ (ဂီတ) တို့ပါဝင်မှာ ဖြစ်ပါတယ်။

STAMS-1 အနေနဲ့ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီဝင်၊ သမိုင်း၊ ဘောဂဗေဒ၊ သိပ္ပံ (ဓာတုဗေဒ + ရူပဗေဒ + ဇီဝဗေဒ)၊ စာရိတ္တနှင့် ပြည်သူ့နီတိ၊ ဘဝတွက်တာကျွမ်းကျင်စရာ၊ ကာယပညာ သို့မဟုတ် အနုပညာ (ပန်းချီ) သို့မဟုတ် အနုပညာ (ဂီတ) တို့ပါဝင်ပြီး မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ စိတ်ကြိုက်မြန်မာစာ၊ ဘောဂဗေဒ၊ ပထဝီဝင်+သမိုင်း၊ သိပ္ပံ (ဓာတုဗေဒ + ရူပဗေဒ + ဇီဝဗေဒ)၊ စာရိတ္တနှင့် ပြည်သူ့နီတိ၊ ဘဝတွက်တာကျွမ်းကျင်စရာ၊ ကာယပညာ သို့မဟုတ် အနုပညာ (ပန်းချီ) သို့မဟုတ် အနုပညာ (ဂီတ) တွေကို သင်ယူရမှာ ဖြစ်ပါတယ်။

အခြေခံပညာကျောင်းတွေကိုတော့ ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၂၁ ရက်မှာ ပြန်လည် ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။

-သန္တာ