အထက်တန်းကျောင်းများနှင့် Private School များအတွက် QR Code Test App ကို မိတ်ဆက်

အထက်တန်းကျောင်းတွေနဲ့ Private School တွေအတွက် QR Code Test App ကို 𝘿𝙖𝙩𝙖𝙇𝙞𝙣𝙠 ကနေ မိတ်ဆက်ပေးလိုက်ပါတယ်။

QR Code Test System အသုံးပြုပုံမှာ လွယ်ကူရိုးရှင်းကြောင်း၊ ကျောင်းသားတွေအနေနဲ့ မိမိတို့ ဆရာ၊ဆရာမမှ ပို့လာတဲ့ QR code ကို ဖုန်းနဲ့ scan ဖတ်ပြီး နာမည်၊ ခုံနံပါတ်ဖြည့်ကာ မေးခွန်းလေးတွေဖြေရုံသာဖြစ်ကြောင်း၊ မေးခွန်းတွေက မှား/မှန် နဲ့ Multiple choice တွေဖြစ်ပြီး မေးခွန်းတစ်ခုချင်းစီ ဖြေပြီးပါက Submit နှိပ်လိုက်ရုံသာ ဖြစ်တယ်လို့ သိရပါတယ်။

ဆရာတွေအနေနဲ့ Test တစ်ခုချင်းစီ အတွက် မေးခွန်းနဲ့အဖြေတွေ ထည့်သွင်းထားနိုင်ပြီး Test လုပ်မယ့်နေ့ရက်ကို သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။ Test အတွက် မေးခွန်းတွေ ပြင်ဆင်ပြီးပါက QR Code ကို download ဆွဲကာ ဖြေမယ့် ကျောင်းသားတွေဆီကို Viber , messenger တို့မှတစ်ဆင့် ပို့နိုင်ပြီး ဖြေဆိုရမယ့်အချိန် ပြည့်ပြီဆိုပါက Test ကို ပြန်ပိတ်ထားနိုင်မယ်လို့ သိရပါတယ်။ ဖြေပြီးသွားပါက Result တွေကို အလွယ်တကူ ကြည့်နိုင်ပြီး Manual စစ်စရာမလို system က စစ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

QR Code Test System မှာ ကျောင်းသား တစ်ဦးချင်းအလိုက် အမှတ်နဲ့ ဘယ်မေးခွန်း ဘယ်လို ဖြေသွားတယ်၊ မေးခွန်းတစ်ခုချင်းစီ အလိုက် ဘယ်နှယောက် မှန်တယ် ဘယ်နှစ်ယောက်မှားတယ်၊ အောင်ချက်ရာခိုင်နှုန်းကအစ ကြည့်နိုင်ကြောင်း၊ System ထဲမှာ သိမ်းထားတဲ့အတွက် အချိန်တိုင်းပြန်ကြည့်နိုင်ကြောင်း ၊စာရွက်မကုန်တဲ့အပြင် ထိန်းသိမ်းစရာမလို၊ Manual စစ်စရာမလိုတဲ့အတွက် အချိန်ကုန် အရမ်းသက်သာကြောင်း၊ Result တွေကို စာရွက်နဲ့ သိမ်းထားချင်ပါကလည်း Excel export ပြုလုပ်နိုင်ကြောင်း သိရပါတယ်။

-အောင်သူ

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««