အဆင့်မြှင့်တင်မှုအနည်းငယ် ပြုလုပ်ထားတဲ့ Razr ဖုန်းကို Motorola ပြန်လည်ထုတ်လုပ်မည်
[ Zawgyi ]
စိုးထက်
Ref: Kfoxtv
[ Unicode ]
Motorola ရဲ့အကျော်ကြားဆုံး Razr ခေါက်ဖုန်းကို အဆင့်မြှင့်တင်မှုအနည်းငယ် ထည့်သွင်းပြီး ပြန်လည်ထုတ်လုပ်မယ်လို့ The Wall Street Journal ကဖော်ပြခဲ့ပါတယ်။ Razr ခေါက်ဖုန်းဟာ ၂၀၀၄ ခုနှစ် အတွင်း ပထမဆုံး ထွက်ရှိလာပြီး အဲဒီကာလအတွင်း အလွန်ရေပန်းစားခဲ့ပါတယ်။
အသစ်ထွက်ရှိလာမယ့် Razr ဟာ ခေါက်ထားနိုင်တဲ့ screen ပါဝင်တဲ့ စမတ်ဖုန်းဖြစ်ပြီး ဒေါ်လာ ၁,၅၀၀ နဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။
Razr ဖုန်းကို ထုတ်လုပ်မယ့် Lenovo Group Inc ဟာ Verizon ဆက်သွယ်ရေးနဲ့ပူးပေါင်းပြီး ဖေဖော်ဝါရီလအတွင်း အမေရိကန်မှာ Razr ထုတ်ကုန်တွေကို ရောင်းချသွားမယ်လို့ သတင်းရင်းမြစ်က ပြောကြားထားပါတယ်။ Razr ခေါက်စမဖုန်းကို စမး်သပ်နေဆဲဖြစ်ပါတယ်။
Ref: Kfoxtv