အဆင့္ျမႇင့္တင္ထားတဲ့ S Pen ပါဝင္လာတဲ့ Samsung Galaxy Tab S6

[ Zawgyi ]

Samsung ဟာ အဆင့္ျမႇင့္တင္မႈျပဳလုပ္ထားတဲ့ tablet ထုတ္ကုန္ Galaxy Tab S6 ကုိထုတ္ျပန္ခဲ့ပါတယ္။

အဲဒီထုတ္ကုန္မွာ ေနာက္ဆုံး Snapdragon 855 chipset ပါဝင္ၿပီး 6GB/128GB ဒါမွမဟုတ္ 8GB/256GB memory ထဲက ထုတ္ကုန္တစ္မ်ိဳးကို ဝယ္ယူႏိုင္ပါတယ္။ အခု tablet မွာ ၁၀.၅ လက္မ Super AMOLED panel နဲ႔အတူ ႐ုပ္ထြက္အရည္အေသြး 2560x 1600pixel ပါဝင္ကာ 16:10 aspect ratio ျဖစ္ပါတယ္။ Galaxy Tab S6 မွာ AKG နဲ႔ Dolby Atmos ရဲ႕ စပီကာ ၄ လုံး ပါဝင္လာပါတယ္။

Galaxy Tab S6 ေက်ာဘက္ကင္မရာက ၂ လုံးျဖစ္ၿပီး အဓိက ကင္မရာကေတာ့ 13MP နဲ႔ ဒုတိယေျမာက္ကင္မရာကေတာ့ ultra-wide ၁၂၃ ဒီဂရီ field of view ျဖစ္ပါတယ္။ ေရွ႕ဘက္မွာေတာ့ 8MP ကင္မရာ ျဖစ္ပါတယ္။ Galaxy Tab S6 ဟာ ultra wide-angle ကင္မရာပါဝင္တဲ့ ပထမဆုံး tablet ျဖစ္တယ္လို႔ Samsung ကထုတ္ျပန္ထားပါတယ္။

Galaxy Tab S6 မွာ ဘက္ထရီ 7,040mAh ျဖစ္ပါတယ္။ S Pen မွာေတာ့ ဘက္ထရီ 0.35mAh ပါဝင္လာၿပီး ၁၀ နာရီ အထိ အသုံးျပဳႏိုင္ပါတယ္။ အခု stylus ကုိ ကုိယ္ပိုင္ dock မွာ ၁၀ မိနစ္ အားသြင္း႐ုံနဲ႔ ၁၀ နာရီ အျပည့္အဝ ျပန္လည္အသုံးျပဳႏိုင္ပါတယ္။

S Pen ကုိအသုံးျပဳၿပီး ဓာတ္ပုံ႐ိုက္ကူးတာ ဒါမွမဟုတ္ multimedia player အတြက္ အေဝးထိန္းခလုတ္ကုိ အသုံးျပဳႏိုင္ပါတယ္။ Galaxy Note9 က S Pen လုပ္ေဆာင္ခ်က္ကုိ ထည့္သြင္းထားတာ ျဖစ္ပါတယ္။

Galaxy Tab S6 မွာ Samsung ရဲ႕ DeX ေထာက္ပံ့မႈပါဝင္ၿပီး Book Cover Keyboard နဲ႔ေပါင္းစပ္ကာ ကြန္ပ်ဴတာအျဖစ္ ေျပာင္းလဲအသုံးျပဳႏိုင္ပါတယ္။

လုံၿခဳံေရးပုိင္းအျဖစ္ Samsung က မ်က္ႏွာျပင္ေအာက္မွာ optical fingerprint reader ကုိထည့္သြင္းထားပါတယ္။

Galaxy Tab S6 ရဲ႕ 6GB နဲ႔ storage 128GB အတြက္ ေဒၚလာ ၆၄၉ နဲ႔ေရာင္းခ်မွာျဖစ္ၿပီး 8/256GB ကုိ ၇၂၉ ေဒၚလာနဲ႔ ေရာင္းခ်မယ္လို႔ သိရပါတယ္။

စိုးထက္
Ref: GSMArena

[ Unicode ]

Samsung ဟာ အဆင့်မြှင့်တင်မှုပြုလုပ်ထားတဲ့ tablet ထုတ်ကုန် Galaxy Tab S6 ကိုထုတ်ပြန်ခဲ့ပါတယ်။

အဲဒီထုတ်ကုန်မှာ နောက်ဆုံး Snapdragon 855 chipset ပါဝင်ပြီး 6GB/128GB ဒါမှမဟုတ် 8GB/256GB memory ထဲက ထုတ်ကုန်တစ်မျိုးကို ဝယ်ယူနိုင်ပါတယ်။ အခု tablet မှာ ၁၀.၅ လက်မ Super AMOLED panel နဲ့အတူ ရုပ်ထွက်အရည်အသွေး 2560x 1600pixel ပါဝင်ကာ 16:10 aspect ratio ဖြစ်ပါတယ်။ Galaxy Tab S6 မှာ AKG နဲ့ Dolby Atmos ရဲ့ စပီကာ ၄ လုံး ပါဝင်လာပါတယ်။

Galaxy Tab S6 ကျောဘက်ကင်မရာက ၂ လုံးဖြစ်ပြီး အဓိက ကင်မရာကတော့ 13MP နဲ့ ဒုတိယမြောက်ကင်မရာကတော့ ultra-wide ၁၂၃ ဒီဂရီ field of view ဖြစ်ပါတယ်။ ရှေ့ဘက်မှာတော့ 8MP ကင်မရာ ဖြစ်ပါတယ်။ Galaxy Tab S6 ဟာ ultra wide-angle ကင်မရာပါဝင်တဲ့ ပထမဆုံး tablet ဖြစ်တယ်လို့ Samsung ကထုတ်ပြန်ထားပါတယ်။

Galaxy Tab S6 မှာ ဘက်ထရီ 7,040mAh ဖြစ်ပါတယ်။ S Pen မှာတော့ ဘက်ထရီ 0.35mAh ပါဝင်လာပြီး ၁၀ နာရီ အထိ အသုံးပြုနိုင်ပါတယ်။ အခု stylus ကို ကိုယ်ပိုင် dock မှာ ၁၀ မိနစ် အားသွင်းရုံနဲ့ ၁၀ နာရီ အပြည့်အဝ ပြန်လည်အသုံးပြုနိုင်ပါတယ်။

S Pen ကိုအသုံးပြုပြီး ဓာတ်ပုံရိုက်ကူးတာ ဒါမှမဟုတ် multimedia player အတွက် အဝေးထိန်းခလုတ်ကို အသုံးပြုနိုင်ပါတယ်။ Galaxy Note9 က S Pen လုပ်ဆောင်ချက်ကို ထည့်သွင်းထားတာ ဖြစ်ပါတယ်။

Galaxy Tab S6 မှာ Samsung ရဲ့ DeX ထောက်ပံ့မှုပါဝင်ပြီး Book Cover Keyboard နဲ့ပေါင်းစပ်ကာ ကွန်ပျူတာအဖြစ် ပြောင်းလဲအသုံးပြုနိုင်ပါတယ်။

လုံခြုံရေးပိုင်းအဖြစ် Samsung က မျက်နှာပြင်အောက်မှာ optical fingerprint reader ကိုထည့်သွင်းထားပါတယ်။

Galaxy Tab S6 ရဲ့ 6GB နဲ့ storage 128GB အတွက် ဒေါ်လာ ၆၄၉ နဲ့ရောင်းချမှာဖြစ်ပြီး 8/256GB ကို ရ၂၉ ဒေါ်လာနဲ့ ရောင်းချမယ်လို့ သိရပါတယ်။

Ref: GSMArena