အဆင့္ျမႇင့္တင္ထားတဲ့ ဒီဇိုင္းနဲ႔ HD ကင္မရာေတြပါဝင္လာတဲ့ Spectacles 3

[ Zawgyi ]

Snap ဟာ ေသသပ္တဲ့ဒီဇိုင္းသစ္နဲ႔ augmented reality ဒီဇိုင္းပုိင္း ျပင္ဆင္ထားတဲ့ Spectacles 3 ကုိ ေၾကညာခဲ့ပါတယ္။ ဒါ့အျပင္ အခု depth perception ဖန္တီးႏိုင္မယ့္ HD ကင္မရာလည္း ပါဝင္လာပါတယ္။ Spectacles 3 ကို အကန္႔အသတ္နဲ႔ ေရာင္းခ်မွာျဖစ္ၿပီး computing platform တစ္ခုကုိ ဖန္တီးဖို႔ ႀကိဳးစားလာတာ ျဖစ္ပါတယ္။ မ်က္မွန္ကုိ ေဒၚလာ ၃၈၀ နဲ႔ ႏိုဝင္ဘာလအတြင္း Spectacles.com မွာေရာင္းခ်သြားပါမယ္။

ၿပီးခဲ့တဲ့ႏွစ္က ထြက္ရွိခဲ့တဲ့ မ်က္မွန္က ေဒၚလာ ၁၅၀ ပဲရွိၿပီး ဒီႏွစ္ Spectacles 3 က၂ ဆေဈးႀကီးပါတယ္။ အရည္အေသြးျမင့္ ထုတ္ကုန္ေတြက ဖက္ရွင္ေခတ္ေရွ႕ေျပးၿပီး ဖန္တီးမႈရွိသူေတြရဲ႕ အဖြဲ႕အေသးေလးအတြက္ပဲ ရည္ရြယ္ေရာင္းခ်တယ္လို႔ Snap အမႈေဆာင္ေတြက ေျပာခဲ့ပါတယ္။ Snap အေနနဲ႔ ေငြေၾကးဆုံး႐ႈးမႈေတြေၾကာင့္ ထုတ္လုပ္မႈစရိတ္ ျပန္ကာမိေအာင္ ျပဳလုပ္ခဲ့တာ ျဖစ္ႏိုင္ပါတယ္။ Snapchat ရဲ႕ မ်က္မွန္ပထမဆုံးဗားရွင္းက ဝယ္လိုအားကုိ ပိုတြက္မိတာေၾကာင့္ ကုန္က်စရိတ္ ေဒၚလာ သန္း ၄၀ ရွိခဲ့ပါတယ္။

Spectacles ရဲ႕ေဈးႏႈန္းျမင့္မားမႈေၾကာင့္ Snapchat ရဲ႕ အဓိကသုံးစြဲသူျဖစ္တဲ့ အထက္တန္းေက်ာင္းနဲ႔ ေကာလိပ္ေက်ာင္းသူ/သားအၾကား အသုံးျပဳမႈ နည္းပါးလာႏိုင္ပါတယ္။ ဒီႏွစ္ထုတ္ကုန္က platform အတြင္းမွာ လိုအပ္တဲ့ ေငြေၾကးရင္းႏွီးျမႇဳပ္ႏွံထားမႈကုိ ကုိယ္စားျပဳတယ္လို႔ Snap ကေျပာခဲ့ပါတယ္။

Spectacles 3 ရဲ႕ထူးျခားတဲ့ feature ကေတာ့ ဒုတိယေျမာက္ကင္မရာျဖစ္ၿပီး ပထမဆုံးအႀကိမ္အျဖစ္ depth ကုိ ႐ိုက္ကူးႏိုင္ဖို႔ ပါ၀င္လာတာျဖစ္ပါတယ္။ Snap ဟာ ထုတ္ကုန္ရဲ႕ depth perception လုပ္ေဆာင္ခ်က္သစ္ကုိ အသုံးျပဳႏိုင္ဖို႔ 3D effect သစ္ေတြ တည္ေဆာက္ထားပါတယ္။ အဲဒီ feature ေတြက Spectacles မွာပဲ သီးသန္႔ပါဝင္လာပါတယ္။ ဒီႏွစ္ ေႏွာင္းပုိင္းမွာ third-party developer ေတြကုိ depth effects ဒီဇိုင္းထုတ္ခြင့္ စတင္ေပးသြားမွာ ျဖစ္ပါတယ္။

စိုးထက္
Ref: TheVerge

[ Unicode ]

Snap ဟာ သေသပ်တဲ့ဒီဇိုင်းသစ်နဲ့ augmented reality ဒီဇိုင်းပိုင်း ပြင်ဆင်ထားတဲ့ Spectacles 3 ကို ကြေညာခဲ့ပါတယ်။ ဒါ့အပြင် အခု depth perception ဖန်တီးနိုင်မယ့် HD ကင်မရာလည်း ပါဝင်လာပါတယ်။ Spectacles 3 ကို အကန့်အသတ်နဲ့ ရောင်းချမှာဖြစ်ပြီး computing platform တစ်ခုကို ဖန်တီးဖို့ ကြိုးစားလာတာ ဖြစ်ပါတယ်။ မျက်မှန်ကို ဒေါ်လာ ၃၈၀ နဲ့ နိုဝင်ဘာလအတွင်း Spectacles.com မှာရောင်းချသွားပါမယ်။

ပြီးခဲ့တဲ့နှစ်က ထွက်ရှိခဲ့တဲ့ မျက်မှန်က ဒေါ်လာ ၁၅၀ ပဲရှိပြီး ဒီနှစ် Spectacles 3 က၂ ဆဈေးကြီးပါတယ်။ အရည်အသွေးမြင့် ထုတ်ကုန်တွေက ဖက်ရှင်ခေတ်ရှေ့ပြေးပြီး ဖန်တီးမှုရှိသူတွေရဲ့ အဖွဲ့အသေးလေးအတွက်ပဲ ရည်ရွယ်ရောင်းချတယ်လို့ Snap အမှုဆောင်တွေက ပြောခဲ့ပါတယ်။ Snap အနေနဲ့ ငွေကြေးဆုံးရှုးမှုတွေကြောင့် ထုတ်လုပ်မှုစရိတ် ပြန်ကာမိအောင် ပြုလုပ်ခဲ့တာ ဖြစ်နိုင်ပါတယ်။ Snapchat ရဲ့ မျက်မှန်ပထမဆုံးဗားရှင်းက ဝယ်လိုအားကို ပိုတွက်မိတာကြောင့် ကုန်ကျစရိတ် ဒေါ်လာ သန်း ၄၀ ရှိခဲ့ပါတယ်။

Spectacles ရဲ့ဈေးနှုန်းမြင့်မားမှုကြောင့် Snapchat ရဲ့ အဓိကသုံးစွဲသူဖြစ်တဲ့ အထက်တန်းကျောင်းနဲ့ ကောလိပ်ကျောင်းသူ/သားအကြား အသုံးပြုမှု နည်းပါးလာနိုင်ပါတယ်။ ဒီနှစ်ထုတ်ကုန်က platform အတွင်းမှာ လိုအပ်တဲ့ ငွေကြေးရင်းနှီးမြှုပ်နှံထားမှုကို ကိုယ်စားပြုတယ်လို့ Snap ကပြောခဲ့ပါတယ်။

Spectacles 3 ရဲ့ထူးခြားတဲ့ feature ကတော့ ဒုတိယမြောက်ကင်မရာဖြစ်ပြီး ပထမဆုံးအကြိမ်အဖြစ် depth ကို ရိုက်ကူးနိုင်ဖို့ ပါ၀င်လာတာဖြစ်ပါတယ်။ Snap ဟာ ထုတ်ကုန်ရဲ့ depth perception လုပ်ဆောင်ချက်သစ်ကို အသုံးပြုနိုင်ဖို့ 3D effect သစ်တွေ တည်ဆောက်ထားပါတယ်။ အဲဒီ feature တွေက Spectacles မှာပဲ သီးသန့်ပါဝင်လာပါတယ်။ ဒီနှစ် နှောင်းပိုင်းမှာ third-party developer တွေကို depth effects ဒီဇိုင်းထုတ်ခွင့် စတင်ပေးသွားမှာ ဖြစ်ပါတယ်။

Ref: TheVerge