အဆင့္ျမင့္ပညာဦးစီးဌာန တကၠသိုလ္မ်ား၊ ဒီဂရီေကာလိပ္မ်ား၊ ေကာလိပ္မ်ား၏ လုပ္ငန္းညိႇႏႈိင္းအစည္းအေဝး က်င္းပ

[ Zawgyi ]

ပညာေရးဝန္ႀကီးဌာန အဆင့္ျမင့္ပညာဦးစီးဌာန တကၠသိုလ္မ်ား၊ ဒီဂရီေကာလိပ္မ်ား၊ ေကာလိပ္မ်ားရဲ႕ လုပ္ ငန္းညိႇႏႈိင္း အစည္းအေဝးကို ေမလ၂၃ ရက္က ပညာေရးဝန္ႀကီးဌာန ႐ုံးအမွတ္ (၂၁) ရွိ အစည္းအေဝးခန္းမမွာ က်င္းပျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။

ေကာလိပ္မ်ားကို ဒီဂရီေကာလိပ္အဆင့္၊ ဒီဂရီေကာလိပ္မ်ားကို တကၠသိုလ္အဆင့္ တိုးျမႇင့္ေဆာင္ရြက္သြားရန္နဲ႔ လိုအပ္ခ်က္ရွိတဲ့ ေဒသေတြမွာ ေကာလိပ္အသစ္မ်ား ဖြင့္လွစ္သြားရန္ ႀကိဳးစားေဆာင္ရြက္ၾကရမွာျဖစ္ေၾကာင္း ပညာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာမ်ိဳးသိမ္းႀကီးက ေျပာၾကားခဲ့ပါတယ္။

အဆင့္ျမင့္ပညာက႑ ဖြံ႕ၿဖိဳးတိုးတက္ရန္အတြက္ ပါေမာကၡခ်ဳပ္၊ ဒုတိယပါေမာကၡခ်ဳပ္၊ ေက်ာင္းအုပ္ႀကီးမ်ားရဲ႕ စီမံခန္႔ခြဲမႈစြမ္းရည္၊ ဦးေဆာင္ႏိုင္မႈစြမ္းရည္မ်ားက အေရးႀကီးေၾကာင္းနဲ႔ တကၠသိုလ္ဝင္ခြင့္ရသူမ်ား စာရင္းကို ပညာေရးဝန္ႀကီးဌာန ဝက္ဘ္ဆိုက္ http://www.moe.gov.mm/ မွ အသိေပးထုတ္ျပန္ေဆာင္ရြက္သြားလ်က္ရွိၿပီး ပထမႏွစ္ ေက်ာင္းသား၊ ေက်ာင္းသူေတြကို ႏိုဝင္ဘာလလယ္ကစၿပီး ေက်ာင္းအပ္လက္ခံျခင္းကို ေဆာင္ရြက္သြားမွာျဖစ္ေၾကာင္း၊ ၂ဝ၁၉ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲ ေမးခြန္းမ်ားကို စဥ္းစားေတြးေခၚမႈ အားေပးတဲ့ေမးခြန္းမ်ား ပိုမို ပါဝင္လာေစရန္ စီစဥ္ေဆာင္ရြက္ထားေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ဆက္လက္ၿပီး ႏွစ္ႏွစ္သင္ ပညာေရးေကာလိပ္မ်ားကို ေလးႏွစ္သင္ပညာေရးဒီဂရီေကာလိပ္မ်ား အျဖစ္သို႔ အဆင့္ျမႇင့္တင္ရန္ စီစဥ္ေဆာင္ရြက္ေနေၾကာင္းနဲ႔ ဝန္ထမ္းစြမ္းရည္ျမင့္မားေရးအတြက္ ဌာနအတြင္း စီမံခန္႔ခြဲေရး မြမ္းမံသင္တန္းမ်ားကို ေဆာင္ရြက္ေပးရန္လိုအပ္ေၾကာင္း ေျပာၾကားခဲ့တယ္လို႔ သိရပါတယ္။

-ေဝေဝ

==========

[ Unicode ]

အဆင့်မြင့်ပညာဦးစီးဌာန တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များ၊ ကောလိပ်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

==========

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များ၊ ကောလိပ်များရဲ့ လုပ် ငန်းညှိနှိုင်း အစည်းအဝေးကို မေလ၂၃ ရက်က ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၂၁) ရှိ အစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ကောလိပ်များကို ဒီဂရီကောလိပ်အဆင့်၊ ဒီဂရီကောလိပ်များကို တက္ကသိုလ်အဆင့် တိုးမြှင့်ဆောင်ရွက်သွားရန်နဲ့ လိုအပ်ချက်ရှိတဲ့ ဒေသတွေမှာ ကောလိပ်အသစ်များ ဖွင့်လှစ်သွားရန် ကြိုးစားဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားခဲ့ပါတယ်။

အဆင့်မြင့်ပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီးများရဲ့ စီမံခန့်ခွဲမှုစွမ်းရည်၊ ဦးဆောင်နိုင်မှုစွမ်းရည်များက အရေးကြီးကြောင်းနဲ့ တက္ကသိုလ်ဝင်ခွင့်ရသူများ စာရင်းကို ပညာရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက် http://www.moe.gov.mm/ မှ အသိပေးထုတ်ပြန်ဆောင်ရွက်သွားလျက်ရှိပြီး ပထမနှစ် ကျောင်းသား၊ ကျောင်းသူတွေကို နိုဝင်ဘာလလယ်ကစပြီး ကျောင်းအပ်လက်ခံခြင်းကို ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ၂ဝ၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်းများကို စဉ်းစားတွေးခေါ်မှု အားပေးတဲ့မေးခွန်းများ ပိုမို ပါဝင်လာစေရန် စီစဉ်ဆောင်ရွက်ထားကြောင်း ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး နှစ်နှစ်သင် ပညာရေးကောလိပ်များကို လေးနှစ်သင်ပညာရေးဒီဂရီကောလိပ်များ အဖြစ်သို့ အဆင့်မြှင့်တင်ရန် စီစဉ်ဆောင်ရွက်နေကြောင်းနဲ့ ဝန်ထမ်းစွမ်းရည်မြင့်မားရေးအတွက် ဌာနအတွင်း စီမံခန့်ခွဲရေး မွမ်းမံသင်တန်းများကို ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

-ဝေဝေ