
Zoom ဟာ လာမယ့်အပတ်အတွင်း end-to-end encryption (E2EE) ကိုစတင်ဖြန့်ချိမယ်လို့ အတည်ပြုခဲ့ပါတယ်။ ပထမဆုံး ရက် ၃၀ အတွင်း သုံးစွဲသူတွေဆီက အမြင်တွေကို တောင်းခံပြီး အဆင့် ၃ ဆင့်နဲ့ ထောက်ပံ့ပေးပါမယ်။
အဲဒီ ကြေညာချက်ကိုတော့ နှစ်စဉ်ပြုလုပ်နေကျ Zoomtopia ပွဲအစိတ်အပိုင်း အဖြစ် ထုတ်ပြန်ခဲ့ပါတယ်။ Zoom က ပွဲနဲ့ ကျောင်းသင်ခန်းစာအတွက် platform အသစ်တွေကိုအပြင် ဗီဒီယိုခေါ်ဆိုမှု အတွင်း အခြား app သုံးနိုင်တဲ့ Zapps platform ကိုလည်း မိတ်ဆက်ခဲ့ပါတယ်။
အရင်က Zoom ဟာ E2EE လုပ်ဆောင်ချက်ကို အခကြေးငွေပေးတဲ့ သုံးစွဲသူတွေအတွက်ပဲ ထောက်ပံ့ခဲ့ပါတယ်။ တစ်ကိုယ်ရေအချက်အလက်လုံခြုံရေးနဲ့ နိုင်ငံသားအခွင့်အရေးလှုပ်ရှားသူ အဖွဲ့တွေက E2EE လုပ်ဆောင်ချက်က ပရီမီယံလုပ်ဆောင်ချက် မဖြစ်သင့်ဘူးလို့ ဝေဖန်ခဲ့ကြပါတယ်။ ဒါကြောင့် Zoom က ပြန်လည်ပြင်ဆင်ခဲ့ပြီး သုံးစွဲသူအားလုံးအပေါ် ထောက်ပံ့မယ်လို့ ကတိပေးခဲ့ပါတယ်။
-စိုးထက်
Ref: VentureBeat
»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««