အဆင့်မြှင့်တင်ထားသည့် တည်ဆောက်မှုနှင့်ဒီဇိုင်း အသုံးပြုထားသော Galaxy Fold ကို Samsung တရားဝင်မိတ်ဆက်

Samsung အနေနဲ့ ဒီနှစ်အစောပိုင်းမှာ Galaxy Fold ကိုမိတ်ဆက်ခဲ့ပေမယ့် ထုတ်ကုန်က အသုံးပြုဖို့ အဆင်သင့်မဖြစ်သေးပါဘူး။ Samsung က Galaxy Fold ကို ဒီဇိုင်းပြန်လည် ပြင်ဆင်ခဲ့ပြီး အခုအခါမှာတော့ ဈေးကွက်မှာ တရားဝင် ရောင်းချတော့မှာဖြစ်ပါတယ်။ ဖုန်းသစ်မှာ ဒီဇိုင်းနဲ့ တည်ဆောက်မှုပိုင်း တိုးတက်လာပါတယ်။ Samsung အနေနဲ့ ထုတ်ကုန်ရဲ့လမ်းကြောင်းတစ်ခုလုံးကို ပြန်လည်စဉ်းစားဖို့ အချိန်ယူရဖို့ 5G အဆင်သင့်အသုံးပြုနိုင်တဲ့ ထုတ်ကုန်တွေနဲ့ Samsung ကထောက်ပံ့မှုပိုင်းတွေကို ပြန်လည်သုံးသပ်ခဲ့ပါတယ်။

Galaxy Fold ရဲ့ မူလဗားရှင်း ဒီဇိုင်းက မပြောင်းလဲဘဲ အရွယ် ၇.၃ လက်မ Infinity Flex Display နဲ့ ၄.၆ လက်မ Super AMOLED panel ပါဝင်လာပါတယ်။ Samsung က ကွေးနိုင်၊ ဆန့်နိုင်တဲ့ မျက်နှာပြင်ရဲ့ protective အလွှာနဲ့ ပတ္တာကို ပြင်ဆင်လိုက်ပါတယ်။

ဖုန်းကို ခေါက်ထားတဲ့အခါ mechanism ကတစ်ဆင့် ဖုန်နဲ့ အခြားအမှုန်အမွှားတွေကာကွယ်ဖို့ ရာဘာကို ထည့်သွင်းထားပါတယ်။ အပေါ်ဘက်အလွှာက ဖုန်းရဲ့ ထောင့်ဘက်မှာ ခြစ်ရာတွေမဖြစ်ပေါ်အောင် digitizer ကို ကာကွယ်ထားပါတယ်။ Samsung Galaxy Fold မှာ စုစုပေါင်း ကင်မရာ ၆ လုံး ပါဝင်လာပါတယ်။ အထဲက အစိတ်အပိုင်းတွေကတော့ Snapdragon 855 အပြင် RAM 12GB နဲ့ storage 512GB တို့ပဲဖြစ်ပါတယ်။

ဘက်ထရီကတော့ 4,380mAh ကို မိတ်ဆက်ထားပြီး Galaxy Fold 5G မော်ဒယ်ကတော့ ဘက်ထရီ 4,235mAh ဖြစ်ပါတယ်။ Samsung အနေနဲ့ ဘက်ထရီမှာ cell နှစ်ခုထည့်သွင်းထားပြီး ဘက်ထရီပိုင်း စမ်းသပ်မှုတွေမှာ နာရီ ၉၀ အထိ ခံနိုင်ရည် အဆင့်သတ်မှတ်ချက်ရှိပါတယ်။ Galaxy Fold ကို တောင်ကိုရီးယားမှာ ရောင်းချသွားမှာ ဖြစ်ပြီး ပြင်သစ်၊ ဂျာမနီ၊ စင်ကာပူ၊ ယူကေနဲ့ အမေရိကန်နိုင်ငံ စတဲ့ နိုင်ငံတွေမှာလည်း ရောင်းချမှာဖြစ်ပါတယ်။ တရားဝင်ထုတ်ပြန်ချက်မှာ ဈေးနှုန်းနဲ့ပတ်သက်ပြီး မပါဝင်ပေမယ့် ယူရို ၂ဝဝဝ လောက်နဲ့ ရောင်းချဖွယ်ရှိပါတယ်။

စိုးထက်
Ref: GSMArena