အဆင့်မြှင့်တင်ထားတဲ့ Realme X50 Pro 5G ထွက်ရှိ

Realme X50 Pro 5G ဟာ ဈေးကွက်ထဲ ဝင်ရောက်လာပြီ ဖြစ်ပါတယ်။ အခုဖုန်းဟာ X50 5G နဲ့စာရင် အဆင့်မြှင့်တင်မှု အနည်းငယ်နဲ့ အားသွင်းမြန်ဆန်စနစ်တို့ ပါဝင်လာပြီး မျက်နှာပြင်သစ်လည်း ပါဝင်လာပါတယ်။

Realme X50 Pro 5G မှာ Snapdragon S865 ချစ်ပ်နဲ့ မြန်ဆန်တဲ့ storage UFS 3.0 တို့ပါဝင်လာပါတယ်။ Realme X50 Pro 5G မှာ Super AMOLED နဲ့ refresh rate 90Hz အထိ ပါဝင်လာပါတယ်။ ဒါကြောင့် ဂိမ်းတွေကို ချောမွေ့စွာ ကစားနိုင်ပြီး refresh rate ကတော့ 60Hz အထိ ပြန်လည်လျှော့ချနိုင်ပါတယ်။

 

ဘက်ထရီကတော့ X50 နဲ့တူပြီး SuperDark Flash Charge အသစ်ပါဝင်ကာ ကြိုးနဲ့အားသွင်းရင် 30W ကနေ 65W အထိ ပါဝင်လာပါတယ်။ နာရီဝက်အတွင်း ၀ ရာခိုင်နှုန်းကနေ ၁၀၀ ရာခိုင်နှုန်းအထိ အားသွင်းပေးနိုင်ပါတယ်။

ကျောဘက်ကင်မရာကတော့ 2x zoom မှာ အလင်းအားကောင်းတဲ့ aperture ပါဝင်လာပါတယ်။ အဓိကကင်မရာကတော့ 64MP sensor နဲ့ f/1.8 lens အပြင် 12MP telephoto ကင်မရာ၊ 8MP ultra wide နဲ့ 2MP depth sensor ပါဝင်လာပါတယ်။ ရှေ့ဘက်မှာတော့ 32MP selfie ကင်မရာ ပါဝင်လာပါတယ်။

စိုးထက်
Ref: GSMArena