အဆင့်မြှင့်တင်ထားတဲ့ Dualscreen နဲ့ 32MP selfie ကင်မရာပါဝင်လာတဲ့ LG G8X ThinQ

LG ဟာ G8X ThinQ စမတ်ဖုန်းကို ထုတ်ဖော်မိတ်ဆက်ခဲ့ပါတယ်။ အခု စမတ်ဖုန်းသစ်မှာ DualScreen accessory case နဲ့ အပို display တစ်ခု ပါဝင်တဲ့အတွက် ခေါက်ဖုန်းပုံစံဖြစ်လာပါတယ်။

G8X ကတော့ G8 ထက် display ကြီးမားပြီး V50 ရဲ့ ၆.၄ လက်မလောက် ရှိပါတယ်။ လက်ရှိ မော်ဒယ်တွေထက် ရုပ်ထွက်အရည်အသွေး နည်းပါးသွားပါတယ်။ G8X ကို တောင်ကိုရီးယားမှာ V50S နဲ့ရောင်းချမှာ ဖြစ်ပါတယ်။

G8X မှာ OLED panel အသုံးပြုထားပြီး under-display fingerprint sensor အသုံးပြုထားကာ ရှေ့ကင်မရာနေရာမှာ G8 က 8MP ကိုအသုံးပြုထားပါတယ်။ သေးငယ်တဲ့ notch နေရာမှာ ရှေ့ကင်မရာထည့်သွင်းထားတဲ့ ToF sensor မပါဝင်လာပါဘူး။

ကျောဘက်မှာ G8X ဖုန်းကင်မရာ ၂ လုံး ပါဝင်လာပါတယ်။ ပုံမှန်ကင်မရာ 12MP (1/2.55” sensor, 1.4µm pixel အရွယ်, f/1.8 aperture, dual pixel PDAF, OIS) နဲ့ 13MP ultra wide angle (1/2.8”, 1.0 µm, f/2.4, fixed focus) တို့ပါဝင်ပြီး field of view ၁၃၆ ဒီဂရီ ရှိပါတယ်။

G8X မှာ Snapdragon 855 chipset ပါဝင်ပြီး RAM 6GB နဲ့ storage 128GB ပါဝင်လာပါတယ်။ LG G8X မှာ နားကြပ်ပေါက် ပါဝင်လာပြီး ဘက်ထရီ 4,000mAh နဲ့ဖြစ်ပါတယ်။

G8X ကလည်း အကြမ်းခံပြီး ဖုန်းရဲ့ကျောဘက်နဲ့ ရှေ့ဘက်မှာ Gorilla Glass 6 ပါဝင်ပြီး IP68 အဆင့်သတ်မှတ်ချက် ရထားတဲ့အတွက် ရေစိုခံပါတယ်။

LG က G8X အတွက် UX 9.0 Android in-house ဗားရှင်းသစ်ကို အသုံးပြုထားပြီး ဒီဇိုင်းပိုင်း ပိုမိုရိုးရှင်းကာ dark mode လည်းပါဝင်လာပါတယ်။ G8X မှာ Android 9 Pie ပါဝင်လာမှာပါ။

DualScreen

LG က G8X မှာ DualScreen ပါဝင်လာပြီး V50 ထက်တိုးတက်လာပါတယ်။ မျက်နှာပြင်အရွယ်အစား နှစ်ခုစလုံးက ၆.၄ လက်မ display ဖြစ်ပြီး မျက်နှာပြင် နှစ်ခုစလုံး notch ပါဝင်ကာ ကျောဘက်မှာ ၂.၁ လက်မ monochrome OLED display အသေးစားတစ်ခုလည်း ပါဝင်လာပါတယ်။

DualSCreen ကိုအသုံးပြုပြီး app နှစ်ခုကို ယှဉ်တွဲအသုံးပြုနိုင်ကာ keyboard နဲ့စာရိုက်နို်င်ပါတယ်။ ဂိမ်းကစားရင်လည်း မြင်ကွင်းရှင်းရှင်းလင်းလင်းနဲ့ ကစားနိုင်ပါတယ်။

စိုးထက်
Ref: GSMArena