အဆင့်မြင့် stylus ပါဝင်လာတဲ့ Microsoft Surface Duo

Microsoft Surface Duo ရဲ့ အသေးစိတ်အချက်အလက်တွေက ထွက်ပေါ်နေပြီး stylus feature နဲ့ပတ်သက်တဲ့ သတင်းအချက်အလက် ကလည်း ထွက်လာပါတယ်။

Windows Latest ရဲ့ဖော်ပြချက်အရ Microsoft Surface Duo မှာ အဆင့်မြင့် stylus ပေါင်းစပ်မှုပါဝင်ပြီး အခြား Surface ထုတ်ကုန်အတွေ့ကြုံနဲ့ ညီမျှတဲ့ အတွေ့အကြုံ ပါဝင်လာပါတယ်။

Developer တွေက Surface Duo က feature တွေကို စတင်လုပ်ဆောင်နေပါတယ်။ Android input stack လုပ်ဆောင်ချက်မှာ တစ်ချိန်တည်းမှာ pen နဲ့ လက်ချောင်းကို အသုံးပြုပြီး touch input ထည့်သွင်းနိုင်ပါမယ်။ ဒါကြောင့် မျက်နှာပြင် ၂ ခုမှာ အလုပ်တွေကို ထိရောက်အောင် လုပ်ဆောင်နိုင်ပါမယ်။

အခြားမျက်နှာပြင်တစ်ခုက အရာကို အခြားမျက်နှာပြင်ဆီ drag လုပ်ပြီး ထည့်သွင်းနိုင်ပါတယ်။ ဒါ့အပြင် screenshot ရိုက်ကူးဖို့ Surface သီးသန့် gesture ဖြစ်တဲ့ pen ကို double tap လုပ်ရပါမယ်။
Surface Pen နဲ့ပုံဆွဲတဲ့အခါမှာ သုံးစွဲရ ချောမွေ့အောင် developer တွေက လုပ်ဆောင်နေပြီး မတူညီတဲ့မျက်နှာပြင်တွေမှာ pen ကို ရွေ့လျားအသုံးပြုနိုင်ပါမယ်။

စိုးထက်
Ref: GSMArena