အဆင့်မြင့် ခေတ်မီသားရေပုံစံ ဖက်ရှင်ဒီဇိုင်းဖြင့် OPPO F17 ကို မကြာမီ မိတ်ဆက်ပေးတော့မည်

OPPO မှ အဆင့်မြင့်သားရေပုံစံနဲ့ ဖန်တီးပြုလုပ်ထားတဲ့ ဈေးနှုန်းသက်သာပြီး ပေါ့ပါးကျစ်လျစ် ခံစားမှုအသစ် နဲ့ OPPO F17 ကိုလည်း မြန်မာနိုင်ငံဈေးကွက်မှာ မကြာခင် စတင် မိတ်ဆက်ပေးတော့မယ်လို့ သိရပါတယ်။

OPPO F17 သည် “ပေါ့ပါးကျစ်လျစ် ခံစားမှုအသစ်” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း 7.45mm ဖုန်းအထူနဲ့ အလေးချိန် 163g သာ ရှိကာ ခေတ်ရေစီးကြောင်း ဖက်ရှင်ကိုလိုက်၍ အဆင့်မြင့် သားရေပုံစံ လက်မှုပညာနဲ့ ပေါ့ပါးဖက်ရှင်ကျအောင် ဖန်တီးပြုလုပ်ပေးထားပြီး အဆင့်မြင့်သားရေပုံစံ လက်ဗွေရာမထင်တဲ့ ဒီဇိုင်းနဲ့ အနောက်ဘက် ကာဗာကို Dynamic Orange အရောင်နဲ့ Navy Blue အရောင် ဆိုပြီး အရောင်နှစ်မျိုးနဲ့ ထွက်ရှိလာမှာပါ။ OPPO F17 မှာ 8GB RAM+128GB ROM ပါရှိပြီး အခြား မည်သည့်ဖုန်းများမှာမှ မရှိသေးတဲ့ RAM+ လုပ်ဆောင်ချက်တွေ ပါဝင်လာမှာဖြစ်ပြီး ROM ရဲ့ ပိုတဲ့ နေရာများကို နောက်ခံရှိ App များ လည်ပတ်ရန် RAM အဖြစ် ပြောင်းလဲပေးတာကြောင့် System ရဲ့ မှတ်ဉာဏ်နေရာများကို တိုးချဲ့နိုင်ကာ ဖုန်းအသုံးပြုခြင်းကို ပိုမိုချောမွေ့စေနိုင်မှာ ဖြစ်ပါတယ်။

4000mAh ဘက်ထရီနဲ့ 30W VOOC 4.0 နည်းပညာကို ထည့်သွင်းတပ်ဆင်လာမှာ ဖြစ်တဲ့အတွက် မိနစ် ၃၀ အားသွင်းရုံနဲ့ ၇၂ ရာခိုင်နှုန်း အထိ လျင်မြန်စွာ အားဖြည့်သွင်းနိုင်မှာဖြစ်ပြီး ဘက်ထရီ စွမ်းဆောင်ရည်တွေဖြစ်တဲ့ Super Power Saving Mode နဲ့ Super Nighttime Standby စနစ်တို့လည်း ပါဝင်လာပါတယ်။ Flagship ဖုန်းများမှာသာ ပါဝင်လေ့ရှိတဲ့ In-display Fingerprint Scanner လည်း OPPO F17 မှာ ပါဝင်လာမှာဖြစ်ပြီး 6.44-inch AMOLED Display ကို All-day Eye Caring စနစ် ထည့်သွင်း ပြုလုပ်ထားတဲ့အတွက် သုံးစွဲသူများရဲ့ မျက်လုံးထိခိုက်မှုမှ ကာကွယ်ပေးနိုင်ပါတယ်။ 16MP Front Camera နဲ့ 16MP Main Camera, 8MP Ultra Wide Angle Lens, 2MP Mono Lens နဲ့ 2MP Mono Lens ဆိုပြီး Rear Camera ၄ လုံးပါရှိကာ ဓာတ်ပုံနဲ့ ဗီဒီယို ရိုက်ကူးမှုကို အကောင်းမွန်ဆုံး ရရှိစေရန် ဖန်တီးပေးမယ့် AI Dazzle Color၊ Ultra Wide Angle, Ultra Clear 108MP Image နဲ့ AI Beautification 2.0 စတဲ့ လုပ်ဆောင်ချက်များလည်း ပါဝင်လာမှာဖြစ်တဲ့အတွက် မိမိစိတ်ကြိုက် ပုံရိပ်များကို ရိုက်ကူးပုံဖော်စေနိုင်မှာပါ။ OPPO F17 ကို မကြာမီ Shop.com.mm မှာ ပို့ဆောင်ခ အခမဲ့နဲ့ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««