အဆင့်မြင့်ပညာရေးဝေါဟာရအဘိဓာန်လွှင့်တင်

ပါရမီတက္ကသိုလ်၊ ပညာရေးမူဝါဒသုတေသနစင်တာ (Center for Education Policy Research) ရဲ့ အဆင့်မြင့်ပညာရေးဝေါဟာရအဘိဓာန်(Glossary of Higher Education Terminology) ကို လွှင့်တင်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ အီလက်ထရောနစ်အဘိဓာန်ပုံစံကို လူအများ အလွယ်တကူ ဖတ်ရှုနိုင်ရန် ပါရမီတက္ကသိုလ်ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်မှာ လွှင့်တင်ထားပြီး အီလက်ထရောနစ်အဘိဓာန်မှာ မိမိရှာဖွေလိုတဲ့ ဝေါဟာရစကားလုံးကို search box ပေါ်မှာ စာရိုက်ခြင်းဖြင့် ချက်ချင်းတွေ့ ရှိနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

အီလက်ထရောနစ်အဘိဓာန်ကို ဖတ်ရှုလိုပါက ([https://www.parami.edu.mm/institutes/CEPR/glossary](https://www.parami.edu.mm/institutes/CEPR/glossary…)) မှာဖတ်ရှုနိုင်မှာဖြစ်ပြီး ဝေါဟာရအဘိဓာန်တစ်ခုလုံးကို ရယူဖတ်ရှုလိုပါက ([https://parami.edu.mm/institutes/CEPR/glossary](https://parami.edu.mm/institutes/CEPR/glossary…)) မှာ ဒေါင်းလုတ်ဆွဲ ရယူဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««