အစုိးရအား တုိက္ခုိက္ေသာ အေၾကာင္းအရာမ်ားကုိ ဖယ္ရွားပစ္ဖုိ႔ သေဘာတူညီမႈ မရွိဟု Facebook ထုတ္ျပန္ခဲ့

[ Zawgyi ]

Facebook အေနနဲ႔ အစုိးရကို တုိက္ခုိက္တဲ့ အေၾကာင္းအရာေတြကုိ ဖယ္ရွားပစ္ဖုိ႔ သေဘာတူညီမႈမရွိေၾကာင္း သတင္းထုတ္ျပန္ ပါတယ္

“အစုိးရ တာဝန္ရွိသူမ်ားဘက္မွ ေတာင္းဆုိမႈေၾကာင့္ အစုိးရအား တုိက္ခုိက္ေသာ အေၾကာင္းအရာမ်ားကုိ ဖယ္ရွားပစ္ဖုိ႔ သေဘာတူညီမႈ မရွိခဲ့ပါဘူး၊ ကၽြန္မတုိ႔ရဲ႕ လူမႈကြန္ ရက္စံႏႈန္းေတြကုိ ခ်ဳိးေဖာက္တဲ့ အေၾကာင္းအရာေတြ ကုိသာ ဖယ္ရွားသြားမွာျဖစ္ပါတယ္” လို႔ Facebook ရဲ႕တာဝန္ရွိသူက ေျပာၾကားခဲ့တယ္လို႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။ အစုိးရအပါအဝင္ ႏုိင္ငံအတြင္း ထင္ရွားသူမ်ားနဲ႔ ပတ္သက္ၿပီး ေဝဖန္အႀကံျပဳတဲ့ ေျပာဆုိေဆြးေႏြးမႈေတြကုိလည္း ခြင့္ျပဳေၾကာင္း သိရပါတယ္။

“ကြ်န္မတို႔အေနနဲ႔ ျမန္မာႏိုင္ငံရိွ Facebook အသံုးျပဳေနတဲ့ သန္းေပါင္းမ်ား စြာေသာလူေတြကို ကြ်န္မတို႔ရဲ႕ ဝန္ေဆာင္မႈေတြ သုံးဆြဲရာမွာ ဆက္လက္ၿပီး လံုၿခံဳမႈရွိေစဖို႔နဲ႔ ပတ္သက္ၿပီး ကြ်န္မတို႔ရဲ႕ ေလးေလးနက္နက္နဲ႔ အာရုံစုိက္ထားတာကုိ သိရွိေစဖို႔အတြက္ ျမန္မာအစိုးရက တာဝန္ရွိသူေတြနဲ႔ ေတြ႕ဆံုခဲ့ပါတယ္” လို႔ ဆက္လက္ေျပာၾကားပါတယ္။ အဲဒီေတြ႔ ဆုံမႈဟာ အေရးပါၿပီး အျပဳသေဘာေဆာင္တဲ့ အစည္းအေဝး ျဖစ္ခဲ့ေၾကာင္း၊ လူမႈကြန္ရက္ စံႏႈန္းေတြကုိ ေဖာ္ျပခဲ့ၿပီး Facebook ကို တုိင္ၾကားလာတဲ့ အမုန္းစကားနဲ႔ အၾကမ္းဖက္မႈကုိ လႈံ႕ေဆာ္တဲ့ အျခားအေၾကာင္းအရာေတြကုိ ဖယ္ရွားသြားမွာျဖစ္ေၾကာင္း ေျပာၾကားပါတယ္။

-ထြန္းထြန္း

[ Unicode ]

Facebook အနေနဲ့ အစိုးရကို တိုက်ခိုက်တဲ့ အကြောင်းအရာတွေကို ဖယ်ရှားပစ်ဖို့ သဘောတူညီမှုမရှိကြောင်း သတင်းထုတ်ပြန် ပါတယ်။

“အစိုးရ တာဝန်ရှိသူများဘက်မှ တောင်းဆိုမှုကြောင့် အစိုးရအား တိုက်ခိုက်သော အကြောင်းအရာများကို ဖယ်ရှားပစ်ဖို့ သဘောတူညီမှု မရှိခဲ့ပါဘူး၊ ကျွန်မတို့ရဲ့ လူမှုကွန် ရက်စံနှုန်းတွေကို ချိုးဖောက်တဲ့ အကြောင်းအရာတွေ ကိုသာ ဖယ်ရှားသွားမှာဖြစ်ပါတယ်” လို့ Facebook ရဲ့တာဝန်ရှိသူက ပြောကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ အစိုးရအပါအဝင် နိုင်ငံအတွင်း ထင်ရှားသူများနဲ့ ပတ်သက်ပြီး ဝေဖန်အကြံပြုတဲ့ ပြောဆိုဆွေးနွေးမှုတွေကိုလည်း ခွင့်ပြုကြောင်း သိရပါတယ်။

“ကျွန်မတို့အနေနဲ့ မြန်မာနိုင်ငံရှိ Facebook အသုံးပြုနေတဲ့ သန်းပေါင်းများ စွာသောလူတွေကို ကျွန်မတို့ရဲ့ ဝန်ဆောင်မှုတွေ သုံးဆွဲရာမှာ ဆက်လက်ပြီး လုံခြုံမှုရှိစေဖို့နဲ့ ပတ်သက်ပြီး ကျွန်မတို့ရဲ့ လေးလေးနက်နက်နဲ့ အာရုံစိုက်ထားတာကို သိရှိစေဖို့အတွက် မြန်မာအစိုးရက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်” လို့ ဆက်လက်ပြောကြားပါတယ်။ အဲဒီတွေ့ ဆုံမှုဟာ အရေးပါပြီး အပြုသဘောဆောင်တဲ့ အစည်းအဝေး ဖြစ်ခဲ့ကြောင်း၊ လူမှုကွန်ရက် စံနှုန်းတွေကို ဖော်ပြခဲ့ပြီး Facebook ကို တိုင်ကြားလာတဲ့ အမုန်းစကားနဲ့ အကြမ်းဖက်မှုကို လှုံ့ဆော်တဲ့ အခြားအကြောင်းအရာတွေကို ဖယ်ရှားသွားမှာဖြစ်ကြောင်း ပြောကြားပါတယ်။

-ထွန်းထွန်း