အစိုးရဝန္ထမ္းမ်ားအား e-Government သင္တန္းမ်ား ေပးႏိုင္ေရးေဆြးေႏြး

အစိုးရဝန္ထမ္းေတြကို e-Government သင္တန္းေတြ ေပးႏိုင္ေရး ေဆြးေႏြးခဲ့ေၾကာင္း သိရပါတယ္။

ကရင္တိုင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီး USICT Council အဖြဲ႔နဲ႔ေတြ႔ဆံုတဲ့ သတင္းထုတ္ျပန္ခ်က္အရ သိရတာျဖစ္ပါတယ္။ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႔ ကရင္တိုင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီး ေနာ္ပန္းသဥၨာမ်ိဳးက ဇူလိုင္ ၂ ရက္က USICT Council အဖြဲ႔နဲ႔ေတြ႔ဆံုခဲ့ေၾကာင္း၊ ေတြ႔ဆံုရာမွာေဆြးေႏြးခဲ့တာ ျဖစ္ေၾကာင္း သိရပါတယ္။ ရန္ကုန္တိုင္းေဒသႀကီးမွာ e-Government အေကာင္အထည္ေဖာ္ရာမွာ လိုအပ္ေနတဲ့ အစိုးရဝန္ထမ္းေတြကို သင္တန္းေတြေပးႏိုင္ေရး ကိစၥရပ္ေတြနဲ႔ပတ္သက္ၿပီး ေဆြးေႏြးညႇိႏႈိင္းခဲ့ၾကေၾကာင္း သိရပါတယ္။

e-Governemnt Development Index နဲ႔ ICT Development Index ျမင့္တက္လာရင္ ျမန္မာနိုင္ငံရဲ႕ Doing Business Rank မွာလည္း ျမင့္တက္လာမွာ ျဖစ္ ေၾကာင္း e-Government ဦးေဆာင္ေကာ္မတီရဲ႕ အတြင္းေရးမွဴး၊ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရး ဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီး ဦးသာဦးကေျပာၾကားခဲ့ဖူးပါတယ္။

-ထြန္းထြန္း

[ Unicode ]

အစိုးရဝန်ထမ်းတွေကို e-Government သင်တန်းတွေ ပေးနိုင်ရေး ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး USICT Council အဖွဲ့နဲ့တွေ့ဆုံတဲ့ သတင်းထုတ်ပြန်ချက်အရ သိရတာဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပန်းသဥ္ဇာမျိုးက ဇူလိုင် ၂ ရက်က USICT Council အဖွဲ့နဲ့တွေ့ဆုံခဲ့ကြောင်း၊ တွေ့ဆုံရာမှာဆွေးနွေးခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာ e-Government အကောင်အထည်ဖော်ရာမှာ လိုအပ်နေတဲ့ အစိုးရဝန်ထမ်းတွေကို သင်တန်းတွေပေးနိုင်ရေး ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရပါတယ်။

e-Governemnt Development Index နဲ့ ICT Development Index မြင့်တက်လာရင် မြန်မာနိုင်ငံရဲ့ Doing Business Rank မှာလည်း မြင့်တက်လာမှာ ဖြစ် ကြောင်း e-Government ဦးဆောင်ကော်မတီရဲ့ အတွင်းရေးမှူး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသာဦးကပြောကြားခဲ့ဖူးပါတယ်။

-ထွန်းထွန်း