အစိုးရပိုင် သတင်းဌာန account တွေကို အမှတ်အသားပြုလုပ်မယ့် Twitter

Twitter အနေနဲ့ ကုမ္ပဏီရဲ့ သုံးစွဲသူအကြံပြု စနစ်ကနေ အစိုးရပိုင် မီဒီယာအဖွဲ့အစည်းတွေကို ဖယ်ရှားပြီး သူတို့ tweet တွေကို ချဲ့ထွင်မှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

ဒါကြောင့် အစိုးရပိုင်မီဒီယာတွေရဲ့ account တွေကို ရှာဖွေမှုရလဒ်၊ သတိပေးချက်နဲ့ သုံးစွဲသူ timeline မှာတွေ့ရနည်းသွားပါမယ်။ အစိုးရနဲ့ ဆက်စပ်နေတဲ့ မီဒီယာတွေအပြင် တရုတ်၊ ပြင်သစ်၊ ရုရှား၊ ယူကေနဲ့ အမေရိကန်က အစိုးရအာဏာပိုင် account တွေကိုလည်း အမှတ်အသားပြုလုပ်ထားပါမယ်။

Twitter ရဲ့အပြောင်းအလဲကြောင့် ရုရှား RT နဲ့ တရုတ် Xinhua News သတင်းဌာနတွေ သက်ရောက်မှုရှိပါတယ်။ Twitter အနေနဲ့ လူမှုကွန်ရက်မှာ တွေ့မြင်ရတဲ့ အကြောင်းအရာတွေရဲ့ နောက်ခံဆက်စပ် အချက်လက်ကို ပိုမိုပံ့ပိုးမယ်လို့ ပြောထားပါတယ်။

YouTube လိုမျိုး ဗီဒီယိုဝေမျှတဲ့ ဝက်ဘ်ဆိုက်အပါအဝင် အခြား social platform တွေမှာလည်း အစိုးရအထောက်အပံ့ပါဝင်တဲ့ မီဒီယာအဖွဲ့အစည်း channel တွေကို အမှတ်အသားပြုထားပါတယ်။

-စိုးထက်
Ref: BBC