အစိုးရပညာရေး သင်ရိုးညွှန်းတမ်းတွင် အွန်လိုင်းကို ဘေးကင်းလုံခြုံစွာ အသုံးပြုရေးဆိုင်ရာ ဒီဂျစ်တယ်သင်ရိုး ထည့်သွင်းပေးသွားရန် ပူးပေါင်းဆောင်ရွက်သွားမည်

[ Zawgyi ]

အွန်လိုင်းအသုံးပြုရာမှာ ဘေးကင်းလုံခြုံစွာအသုံးပြုရေးဆိုင်ရာ ဒီဂျစ်တယ်သင်ရိုးများကို အစိုးရရဲ့ ပညာရေး သင်ရိုးညွှန်းတမ်းမှာ ထည့်သွင်းပေးသွားဖို့ ပူးပေါင်းဆောင်ရွက်သွားရေးနဲ့ တိုင်းဒေသကြီးများမှ အသက် (၁၀)နှစ် မှ (၁၈) နှစ်ကြား လူငယ်ပေါင်းခုနစ်သိန်းလေးသောင်းကို ဒီဂျစ်တယ်နည်းပညာ ဘေးကင်းလုံခြုံမှုရှိစေရန်နှင့် အသိပညာပေးခြင်း၊ တာဝန်ယူမှုရှိတဲ့ အင်တာနက်အသုံးပြုမှု ဖြစ်ပေါ်ရေးအတွက် ရည်ရွယ်တဲ့ ဒီဂျစ်တယ်ဆိုင်ရာ ကျွမ်းကျင်မှုဆိုင်ရာစီမံကိန်း ပူးပေါင်းဆောင်ရွက်တဲ့ အခမ်းအနားကို သြဂုတ် ၁၉ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။

ဒီဂျစ်တယ်စာတတ်မြောက်ရေး၊ အွန်လိုင်းကို လုံခြုံစွာအသုံးပြုတတ်ရေး စီမံကိန်းဟာ ပညာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ပံ့ပိုးမှုဖြင့် တယ်လီနောလုပ်ငန်းစုနဲ့ Plan International တို့ မြန်မာ့ပထမဦးဆုံး တစ်နိုင်ငံလုံးဆိုင်ရာ ဘက်စုံဘေးကင်းလုံခြုံတဲ့ စာသင်ကျောင်းများ စီမံကိန်းရဲ့ အစိတ်အပိုင်းဖြစ်ကြောင်း၊ ဒါ့အပြင် အွန်လိုင်းအသုံးပြုရာမှာ ဘေးကင်းလုံခြုံစွာ အသုံးပြုရေးဆိုင်ရာ ဒီဂျစ်တယ်သင်ရိုးများကို အစိုးရရဲ့ ပညာရေး သင်ရိုးညွှန်းတမ်းမှာ ထည့်သွင်းပေးသွားဖို့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

ကနဦး ပညာပေးအစီအစဉ်အဖြစ် နှစ်နှစ်ကြာမြင့်မယ့် ယခု ပူးပေါင်းဆောင်ရွက်မယ့် အစီအစဉ်မှာ တိုင်းဒေသကြီးများမှ အသက် (၁၀) နှစ်မှ (၁၈) နှစ်ကြား လူငယ်ပေါင်း ခုနစ်သိန်းလေးသောင်းကို ဒီဂျစ်တယ်နည်းပညာ ဘေးကင်းလုံခြုံမှုရှိစေရန်နဲ့ အသိပညာပေးခြင်း တာဝန်ယူမှုရှိတဲ့ အင်တာနက်အသုံးပြုမှု ဖြစ်ပေါ်ရေးအတွက် ရည်ရွယ်ပြီး ဆောင်ရွက်တာ ဖြစ်ကြောင်း၊ တယ်လီနောမြန်မာ အနေနဲ့ လက်ရှိ လုပ်ဆောင်နေဆဲ အင်တာနက် ဘေးကင်းလုံခြုံစွာ အသုံးပြုရေး ရှေ့ပြေးအစီအစဉ်တွေကနေ တစ်ဆင့် သင်တန်းသားပေါင်း သုံးသိန်းခွဲအထိ ပို့ချပြီးဖြစ်ကြောင်းလည်း တယ်လီနောမြန်မာရဲ့ စီးပွားရေးဆိုင်ရာ အရာရှိချုပ် ဒေါ်ယဉ်ယဉ်ဌေးက စီမံကိန်းစတင်တဲ့ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

အခုအစီအစဉ်ကနေပြီး ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ လူငယ်ပေါင်း ၂.၄ သန်းကျော်ကို ဘေးကင်းလုံခြုံတဲ့ ဒီဂျစ်တယ် အသုံးပြုတတ်စေရေးအတွက် ကနဦး အစီအစဉ်ကို ဖော်ဆောင်မျှဝေပြီးဖြစ်ကြောင်း တယ်လီနော လုပ်ငန်းစုရဲ့ Senior Vice President နဲ့ (ယာယီ) Head of Sustainability ဖြစ်သူ Elisabeth Biering က ပြောကြားခဲ့ပါတယ်။

-ကျော်ဇေယျ

[ Unicode ]

အွန်လိုင်းအသုံးပြုရာမှာ ဘေးကင်းလုံခြုံစွာအသုံးပြုရေးဆိုင်ရာ ဒီဂျစ်တယ်သင်ရိုးများကို အစိုးရရဲ့ ပညာရေး သင်ရိုးညွှန်းတမ်းမှာ ထည့်သွင်းပေးသွားဖို့ ပူးပေါင်းဆောင်ရွက်သွားရေးနဲ့ တိုင်းဒေသကြီးများမှ အသက် (၁၀)နှစ် မှ (၁၈) နှစ်ကြား လူငယ်ပေါင်းခုနစ်သိန်းလေးသောင်းကို ဒီဂျစ်တယ်နည်းပညာ ဘေးကင်းလုံခြံုမှုရှိစေရန်နှင့် အသိပညာပေးခြင်း၊ တာဝန်ယူမှုရှိတဲ့ အင်တာနက်အသုံးပြုမှု ဖြစ်ပေါ်ရေးအတွက် ရည်ရွယ်တဲ့ ဒီဂျစ်တယ်ဆိုင်ရာ ကျွမ်းကျင်မှုဆိုင်ရာစီမံကိန်း ပူးပေါင်းဆောင်ရွက်တဲ့ အခမ်းအနားကို သြဂုတ် ၁၉ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။

ဒီဂျစ်တယ်စာတတ်မြောက်ရေး၊ အွန်လိုင်းကို လုံခြံုစွာအသုံးပြုတတ်ရေး စီမံကိန်းဟာ ပညာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ပံ့ပိုးမှုဖြင့် တယ်လီနောလုပ်ငန်းစုနဲ့ Plan International တို့ မြန်မာ့ပထမဦးဆုံး တစ်နိုင်ငံလုံးဆိုင်ရာ ဘက်စုံဘေးကင်းလုံခြံုတဲ့ စာသင်ကျောင်းများ စီမံကိန်းရဲ့ အစိတ်အပိုင်းဖြစ်ကြောင်း၊ ဒါ့အပြင် အွန်လိုင်းအသုံးပြုရာမှာ ဘေးကင်းလုံခြံုစွာ အသုံးပြုရေးဆိုင်ရာ ဒီဂျစ်တယ်သင်ရိုးများကို အစိုးရရဲ့ ပညာရေး သင်ရိုးညွှန်းတမ်းမှာ ထည့်သွင်းပေးသွားဖို့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

ကနဦး ပညာပေးအစီအစဉ်အဖြစ် နှစ်နှစ်ကြာမြင့်မယ့် ယခု ပူးပေါင်းဆောင်ရွက်မယ့် အစီအစဉ်မှာ တိုင်းဒေသကြီးများမှ အသက် (၁၀) နှစ်မှ (၁၈) နှစ်ကြား လူငယ်ပေါင်း ခုနစ်သိန်းလေးသောင်းကို ဒီဂျစ်တယ်နည်းပညာ ဘေးကင်းလုံခြံုမှုရှိစေရန်နဲ့ အသိပညာပေးခြင်း တာဝန်ယူမှုရှိတဲ့ အင်တာနက်အသုံးပြုမှု ဖြစ်ပေါ်ရေးအတွက် ရည်ရွယ်ပြီး ဆောင်ရွက်တာ ဖြစ်ကြောင်း၊ တယ်လီနောမြန်မာ အနေနဲ့ လက်ရှိ လုပ်ဆောင်နေဆဲ အင်တာနက် ဘေးကင်းလုံခြံုစွာ အသုံးပြုရေး ရှေ့ပြေးအစီအစဉ်တွေကနေ တစ်ဆင့် သင်တန်းသားပေါင်း သုံးသိန်းခွဲအထိ ပို့ချပြီးဖြစ်ကြောင်းလည်း တယ်လီနောမြန်မာရဲ့ စီးပွားရေးဆိုင်ရာ အရာရှိချုပ် ဒေါ်ယဉ်ယဉ်ဌေးက စီမံကိန်းစတင်တဲ့ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

အခုအစီအစဉ်ကနေပြီး ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ လူငယ်ပေါင်း ၂.၄ သန်းကျော်ကို ဘေးကင်းလုံခြံုတဲ့ ဒီဂျစ်တယ် အသုံးပြုတတ်စေရေးအတွက် ကနဦး အစီအစဉ်ကို ဖော်ဆောင်မျှဝေပြီးဖြစ်ကြောင်း တယ်လီနော လုပ်ငန်းစုရဲ့ Senior Vice President နဲ့ (ယာယီ) Head of Sustainability ဖြစ်သူ Elisabeth Biering က ပြောကြားခဲ့ပါတယ်။