အစိုးရနည်းပညာအထက်တန်း အောင်မြင်သူများ AGTI ညနေပိုင် းသင်တန်းလျှောက်ထားနိုင်

အစိုးရစက်မှုလက်မှုသိပ္ပံ (မန္တလေး) မှာ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် A.G.T.I no ဒီပလိုမာ ညနေပိုင်း (ပထမနှစ်) သင်တန်းသားများခေါ်ယူရာမှာ အစိုးရနည်းပညာအထက်တန်း အောင်မြင်ပြီးသူများပါ လျှောက်ထားနိုင်ကြောင်း ပညာရေးဝန်ကြီးဌာန နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ သိရပါတယ်။

လျှောက်ထားသူတွေအနေနဲ့ ကျန်းမာရေးကောင်းမွန်ပြီး လက်တွေ့လုပ်ငန်းနှင့် စက်ရုံ၊ ကုမ္ပဏီများသို့ ကွင်းဆင်းဆောင်ရွက်နိုင်သူဖြစ်ရမှာ ဖြစ်ပါတယ်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒဘာသာရပ်များပါဝင်တဲ့ မည်သည့်ဘာသာတွဲဖြင့် အောင်မြင်သည်ဖြစ်စေ လျှောက်ထားနိုင်ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ရရှိခဲ့တဲ့ အင်္ဂလိပ်နဲ့ သင်္ချာ စုစုပေါင်းရမှတ်ပေါ်မူတည်ကာ ရွေးချယ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

သင်ကြားပေးမယ့် သင်တန်း‌ေတွက မြို့ပြအင်ဂျင်နီယာ၊ အီလက်ထရွန်နစ်အင်ဂျင်နီယာ၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ၊ စက်မှုအင်ဂျင်နီယာနဲ့ သုတနည်းပညာတို့ဖြစ်ပြီး သင်တန်းကာလ (၃) နှစ် ဖြစ်ပါတယ်။ သင်တန်းပြီးဆုံးပါက A.G.T.I ဒီပလိုမာအောင်လက်မှတ်ပေးအပ်မှာ ဖြစ်ပါတယ်။ ဝင်ခွင့်လျှောက်လွှာ‌ေတွကို အစိုးရစက်မှုလက်မှုသိပ္ပံ (မန္တလေး) မှာ နိုဝင်ဘာ ၁၃ ရက်မှစပြီး စတင်ထုတ်ယူနိုင်ကာ လျှောက်လွှာတွေကို ဒီဇင်ဘာ ၂ ရက်နောက်ဆုံးထား ပြန်လည်ပေးပို့ပေးရမှာ ဖြစ်ပါတယ်။

လျှောက်ထားသူအနေနဲ့ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ ကျန်းမာရေးကောင်းမွန်ကြောင်းထောက်ခံချက်မူရင်း၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သည့် အမှတ်စာရင်းမူရင်း၊ အစိုးရနည်းပညာအထက်တန်း အောင်မြင်သူ ဖြစ်ပါက သက်ဆိုင်ရာကျောင်းများမှ အောင်လက်မှတ် (သို့) အောင်မြင်ကြောင်းထောက်ခံချက်မူရင်း၊ အိမ်ထောင်စုစာရင်းမိတ္တူနဲ့ ပတ်စ်ပို့အရွယ် ရောင်စုံဓာတ်ပုံ (၃) ပုံတို့ကို ပူးတွဲလျှောက်ထားရမှာဖြစ်ပါတယ်။

အသေးစိတ်သိရှိလိုပါက အစိုးရစက်မှုလက်မှုသိပ္ပံ (မန္တလေး) ဖုန်း- ၀၉ ၇၇၆၆၈၀၂၃၉ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

-ဝေဝေ