အစိုးရနည်းပညာ အထက်တန်းကျောင်းမှ သင်တန်းသားများခေါ်ယူ

၂၀၁၉ -၂၀၂၀ ခုနှစ်၊ ပညာသင်နှစ်အတွက် နေပြည်တော် အပါအ၀င် အစိုးရနည်းပညာ အထက်တန်းကျောင်း ၃၅ ကျောင်းမှ သင်တန်းသားအသစ်များအတွက် မေလ ၂ ရက်မှစတင်ပြီး ခေါ်ယူနေကြောင်း သိရပါတယ်။

ခေါ်ယူနေတဲ့ နည်းပညာ အထက်တန်းကျောင်းတွေကတော့ ပူတာအို၊ မြစ်ကြီးနား၊ ဗန်းမော်၊ ခန္တီး၊ မင်းတပ်၊ ကလေး၊ မုံရွာ၊ ပခုက္ကူ၊ လားရှိုး၊ ပင်လုံ၊ တောင်ကြီး၊ ကျိုင်းတုံ၊ မိတ္ထီလာ၊ လွိုင်ကော်၊ နေပြည်တော်၊ မကွေး၊ ပြည်၊ တောင်ငူ၊ စစ်တွေ၊ ဟင်္သာတ၊ မအူပင်၊ ပုသိမ်၊ ဘားအံ၊ မော်လမြိုင်၊ ထားဝယ်၊ မြိတ်၊ ကော့သောင်း ပင်းပက်၊ မြင်းခြံ၊ ချောင်းဦး၊ ရွာမ၊ လက်ခုပ်ကုန်း၊ တီးတိန်၊ မန္တလေး၊ ကျောက်ဆည် အစရှိတဲ့ ကျောင်း ၃၅ ကျောင်း က ခေါ်ယူတာလည်း ဖြစ်ပါတယ်။

ဖွင့်လှစ်မယ့်သင်တန်းတွေကတော့ အဆောက်အဦနည်းပညာသင်တန်း(Building Technology) ၊ အီလက်ထရောနစ်နည်းပညာသင်တန်း (Electronics Technology)၊ လျှပ်စစ်နည်းပညာသင်တန်း (Electrical Technology)၊ မော်တော်ယာဉ်နည်းပညာသင်တန်း (Auto Mechanics Technology)၊စက်အစိတ်အပိုင်းများ ထုတ်လုပ်ခြင်း နည်းပညာသင်တန်း(Machining Technology) ၊ ရေခဲသေတ္တာနှင့်လေအေးစက်နည်းပညာသင်တန်း (Refrigeration and Air Conditioning Technology), သတ္တုပစ္စည်း ထုတ်လုပ်မှုနည်းပညာသင်တန်း ( Metal Process Technology) နှင့် သုတနည်းပညာသင်တန်း ( Information Technology) တွေပဲဖြစ်ပါတယ်။

အခြေခံပညာအလယ်တန်း (အဋ္ဌမတန်း) အောင်မြင်သူတွေ၊ အကျင့်စာရိတ္တကောင်းမွန်ပြီး ကိုယ်လက်အဂါင်္ ကျန်းမာသန်စွမ်းသူတွေ လျှောက်ထားနိုင်ပါတယ်။ သင်တန်းကာလကတော့ နှစ်နှစ်ဖြစ်ပြီး A.G.T.I ပထမနှစ် သင်တန်းကို သက်ဆိုင်ရာ အစိုးရစက်မှုလက်မှုသိပ္ပံများရဲ့ ၀င်ခွင့်ရွေးချယ်မှုများအတိုင်း မိမိတို့ တက်ရောက်လိုတဲ့ စက်မှုအထက်တန်းကျောင်းကနေ မေလ ၂ ရက်ကစပြီး လျှောက်ထားနိုင်မှာဖြစ်ပါတယ်။

လျှောက်လွှာကို မေလ ၁၆ ရက် နောက်ဆုံးထားပြီး မိမိ တက်ရောက်လိုတဲ့ အစိုးရနည်းပညာ အထက်တန်းကျောင်းကနေ တင်သွင်းရမှာဖြစ်ကာ အသေးစိတ်ကို လျှောက်ထားတဲ့ကျောင်းမှာ စုံစမ်းနိုင်ကြောင်း သိရပါတယ်။

-ကျော်ဇေယျ