အစိုးရနည္းပညာ အထက္တန္းေက်ာင္း ၁၇ ေက်ာင္းအတြက္ ဝင္ခြင့္ေလွ်ာက္လႊာေခၚယူမည့္ရက္ တိုးျမႇင့္သတ္မွတ္

[ Zawgyi ]

နည္းပညာ၊ သက္ေမြးပညာႏွင့္ ေလ့က်င့္ေရးဦးစီးဌာန ၂၀၁၈-၂၀၁၉ ပညာသင္ႏွစ္အတြက္ အစိုးရနည္းပညာ အထက္တန္းေက်ာင္း ၁၇ ေက်ာင္းအတြက္ ဝင္ခြင့္ေလွ်ာက္လႊာ ေခၚယူမယ့္ရက္ကို တိုးျမႇင့္သတ္မွတ္လိုက္တယ္လို႔ သိရပါတယ္။

အစိုးရနည္းပညာ အထက္တန္းေက်ာင္း ၃၅ ေက်ာင္းအနက္မွ (ဗန္းေမာ္၊ ပူတာအို၊ တီးတိန္၊ မင္းတပ္၊ ကေလး၊ ခႏီးၱ၊ ထား၀ယ္၊ ပခုကၠဴ၊ မိတီၳလာ၊ ျမင္းၿခံ၊ ေမာ္လၿမိဳင္၊ ပုသိမ္၊ လား႐ႈိး၊ ေတာင္ႀကီး၊ ပင္လုံ၊ က်ိဳင္းတုံ၊ ပင္းပက္) စုစုေပါင္း ၁၇ ေက်ာင္းမွာ ဝင္ခြင့္ေလွ်ာက္လႊာ တင္သြင္းျခင္းကို ဇြန္လ ၁၀ ရက္အထိ တိုးျမႇင့္သတ္မွတ္ေၾကာင္း ပညာေရးဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္အရ သိရပါတယ္။

အေျခခံပညာအလယ္တန္း (အ႒မတန္း) ေအာင္ျမင္သူေတြ တက္ေရာက္ႏိုင္တဲ့ အစိုးရနည္းပညာ အထက္တန္းေက်ာင္းအတြက္ ပထမႏွစ္သင္တန္း ဝင္ခြင့္ေလွ်ာက္လႊာေတြ ေခၚယူခဲ့ၿပီး မိမိတက္ေရာက္လိုတဲ့ ေက်ာင္းမ်ားမွာ ေမလ ၂၂ ရက္ ေနာက္ဆုံးထား ေလွ်ာက္လႊာတင္သြင္းရန္ ေၾကညာခဲ့ေပမယ့္ ဇြန္လ ၁၀ ရက္အထိ တိုးျမႇင့္လုိက္တာ ျဖစ္ပါတယ္။

-ေဝေဝ

=====

[ Unicode ]

အစိုးရနည်းပညာ အထက်တန်းကျောင်း ၁၇ ကျောင်းအတွက် ဝင်ခွင့်လျှောက်လွှာခေါ်ယူမည့်ရက် တိုးမြှင့်သတ်မှတ်

=====

နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် အစိုးရနည်းပညာ အထက်တန်းကျောင်း ၁၇ ကျောင်းအတွက် ဝင်ခွင့်လျှောက်လွှာ ခေါ်ယူမယ့်ရက်ကို တိုးမြှင့်သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။

အစိုးရနည်းပညာ အထက်တန်းကျောင်း ၃၅ ကျောင်းအနက်မှ (ဗန်းမော်၊ ပူတာအို၊ တီးတိန်၊ မင်းတပ်၊ ကလေး၊ ခနီး္တ၊ ထားဝယ်၊ ပခုက္ကူ၊ မိတ္ထီလာ၊ မြင်းခြံ၊ မော်လမြိုင်၊ ပုသိမ်၊ လားရှိုး၊ တောင်ကြီး၊ ပင်လုံ၊ ကျိုင်းတုံ၊ ပင်းပက်) စုစုပေါင်း ၁၇ ကျောင်းမှာ ဝင်ခွင့်လျှောက်လွှာ တင်သွင်းခြင်းကို ဇွန်လ ၁၀ ရက်အထိ တိုးမြှင့်သတ်မှတ်ကြောင်း ပညာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အခြေခံပညာအလယ်တန်း (အဋ္ဌမတန်း) အောင်မြင်သူတွေ တက်ရောက်နိုင်တဲ့ အစိုးရနည်းပညာ အထက်တန်းကျောင်းအတွက် ပထမနှစ်သင်တန်း ဝင်ခွင့်လျှောက်လွှာတွေ ခေါ်ယူခဲ့ပြီး မိမိတက်ရောက်လိုတဲ့ ကျောင်းများမှာ မေလ ၂၂ ရက် နောက်ဆုံးထား လျှောက်လွှာတင်သွင်းရန် ကြေညာခဲ့ပေမယ့် ဇွန်လ ၁၀ ရက်အထိ တိုးမြှင့်လိုက်တာ ဖြစ်ပါတယ်။

-ဝေဝေ