အစိုးရဌာနမ်ား၏ e-Government လုပ္ငန္းမ်ားကို စစ္တမ္းေကာက္ယူမည္

[Zawgyi]

အစိုးရဌာနေတြရဲ႕ e-Government လုပ္ငန္းေတြကို စစ္တမ္းေကာက္ယူသြားမယ္လို႔သိရပါ တယ္။
e-Government အေကာင္အထည္ေဖာ္ေရးလုပ္ငန္းေကာ္မတီရဲ႕ ပထမအႀကိမ္လုပ္ငန္းညွိ ႏိႈင္းအစည္းအေ၀းကို ေနျပည္ေတာ္မွာ ေမ ၉ ရက္ကက်င္းပခဲ့ၿပီး အဲဒီအစည္းအေ၀းသ တင္းထုတ္ျပန္ခ်က္အရသိရတာျဖစ္ပါတယ္။ e-Government စနစ္ ေအာင္ျမင္စြာ အေကာင္အထည္ေဖာ္ ေဆာင္ရြက္ သြားႏိုင္ေရးအတြက္ ဦးေဆာင္ေကာ္မတီက ခ်မွတ္ ထားတဲ့ မူဝါဒ၊ လမ္းညႊန္ခ်က္ေတြနဲ႔အညီ ေပါင္းစပ္ညႇိႏိႈင္းတာေတြ ေဆာင္ရြက္ရမွာ ျဖစ္ေၾကာင္း၊ လိုအပ္တဲ့ ဥပေဒမူေဘာင္၊ မူဝါဒေတြနဲ႔ စံခ်ိန္စံႏႈန္း သတ္မွတ္ခ်က္ေတြကို အျမန္ ေရးဆြဲျပ႒ာန္းသြားနိုင္ေရး ႀကိဳးပမ္း ေဆာင္ရြက္သြားၾကရန္ တိုက္တြန္းလိုေၾကာင္း e-Government အေကာင္အထည္ေဖာ္ေရး လုပ္ငန္းေကာ္မတီ ဥကၠ႒၊ ျပည္ေထာင္စု အစိုးရအဖြဲ႕႐ုံး ဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးေသာင္းထြန္းက ေျပာၾကားခဲ့တယ္ လို႔သိရပါတယ္။


ကာလအပိုင္းအျခားအလိုက္ ေဆာင္ရြက္ရမယ့္ လုပ္ငန္းေတြနဲ႔ Quick Win ျဖစ္ေစမယ့္ လုပ္ငန္းေတြကို ေရြးခ်ယ္ သတ္မွတ္ၿပီး စတင္ေဆာင္ရြက္သြားၾကဖို႔ လိုအပ္ေၾကာင္း၊ လုပ္ငန္းစဥ္ေတြကို သတ္မွတ္ေပးႏိုင္ဖို႔အတြက္ ပထမဦးစြာ အစိုးရဌာနေတြရဲ႕ e-Government လုပ္ငန္းေတြကို စစ္တမ္း ေကာက္ယူသြားမွာျဖစ္ၿပီး CIO ေတြကို အစည္းအေဝးေခၚယူ ရွင္းလင္းသြားဖို႔ လိုအပ္မွာျဖစ္ေၾကာင္းသိရပါတယ္။ တိုင္းျပည္ အတြက္ အမွန္တကယ္ အက်ိဳးျဖစ္ထြန္းေစမယ့္ Ne-ID စနစ္ တည္ေဆာက္ျခင္း လုပ္ငန္းေတြကို ဦးစားေပး အေကာင္အထည္ေဖာ္ေဆာင္ရြက္သြားဖို႔ လိုအပ္မွာျဖစ္ ေၾကာင္း ကိုလည္းေျပာၾကားခဲ့တယ္လို႔သိရပါတယ္။

 

[Unicode]

အစိုးရဌာနတွေရဲ့ e-Government လုပ်ငန်းတွေကို စစ်တမ်းကောက်ယူသွားမယ်လို့သိရပါ တယ်။

e-Government အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီရဲ့ ပထမအကြိမ်လုပ်ငန်းညှိ နှိုင်းအစည်းအဝေးကို နေပြည်တော်မှာ မေ ၉ ရက်ကကျင်းပခဲ့ပြီး အဲဒီအစည်းအဝေးသ တင်းထုတ်ပြန်ချက်အရသိရတာဖြစ်ပါတယ်။ e-Government စနစ် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက် သွားနိုင်ရေးအတွက် ဦးဆောင်ကော်မတီက ချမှတ် ထားတဲ့ မူဝါဒ၊ လမ်းညွှန်ချက်တွေနဲ့အညီ ပေါင်းစပ်ညှိနှိုင်းတာတွေ ဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ လိုအပ်တဲ့ ဥပဒေမူဘောင်၊ မူဝါဒတွေနဲ့ စံချိန်စံနှုန်း သတ်မှတ်ချက်တွေကို အမြန် ရေးဆွဲပြဋ္ဌာန်းသွားနိုင်ရေး ကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားခဲ့တယ် လို့သိရပါတယ်။

ကာလအပိုင်းအခြားအလိုက် ဆောင်ရွက်ရမယ့် လုပ်ငန်းတွေနဲ့ Quick Win ဖြစ်စေမယ့် လုပ်ငန်းတွေကို ရွေးချယ် သတ်မှတ်ပြီး စတင်ဆောင်ရွက်သွားကြဖို့ လိုအပ်ကြောင်း၊ လုပ်ငန်းစဉ်တွေကို သတ်မှတ်ပေးနိုင်ဖို့အတွက် ပထမဦးစွာ အစိုးရဌာနတွေရဲ့ e-Government လုပ်ငန်းတွေကို စစ်တမ်း ကောက်ယူသွားမှာဖြစ်ပြီး CIO တွေကို အစည်းအဝေးခေါ်ယူ ရှင်းလင်းသွားဖို့ လိုအပ်မှာဖြစ်ကြောင်းသိရပါတယ်။ တိုင်းပြည် အတွက် အမှန်တကယ် အကျိုးဖြစ်ထွန်းစေမယ့် Ne-ID စနစ် တည်ဆောက်ခြင်း လုပ်ငန်းတွေကို ဦးစားပေး အကောင်အထည်ဖော်ဆောင်ရွက်သွားဖို့ လိုအပ်မှာဖြစ် ကြောင်း ကိုလည်းပြောကြားခဲ့တယ်လို့သိရပါတယ်။