အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်) မှ AGTI ဒီပလိုမာ ညနေပိုင်းသင်တန်းသား ခေါ်ယူ

အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်) မှ ၂၀၁၉-၂၀၂၀ ခုနှစ် အတွက် A.G.T.I ဒီပလိုမာ ညနေပိုင်းသင်တန်း ပထမနှစ်သင်တန်းသားတွေ ခေါ်ယူနေပါတယ်။

မြို့ပြအင်ဂျင်နီယာ၊ အီလက်ထရွန်နစ်အင်ဂျင်နီယာ၊ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာ၊ စက်မှုအင်ဂျင်နီယာ သင်တန်းတွေအတွက် ခေါ်ယူတာဖြစ်ပြီး သင်တန်းကာလကတော့ သုံးနှစ် ကြာမြင့်မှာပါ။ လျှောက်ထား မယ့်သူတွေဟာ ကျန်းမာရေးကောင်းမွန်ပြီး ကွင်းဆင်းဆောင်ရွက်နိုင်သူတွေ၊ တက္ကသိုလ်ဝင်စာမေးပွဲမှာ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ ဘာသာတွဲတွေ ပါဝင်တဲ့ ဘယ်ဘာသာတွဲနဲ့မဆို အောင်မြင်ထားသူတွေ၊ အစိုးရနည်းပညာ အထက်တန်းကျောင်း အောင်မြင်ပြီးသူတွေ လျှောက်ထားနိုင်ပါတယ်။ တက္ကသိုလ်ဝင်စာမေးပွဲမှာ အင်္ဂလိပ်စာ နဲ့ သင်္ချာ စုစုပေါင်း ရမှတ်ပေါ်မူတည်ကာ ရွေးချယ်မှာဖြစ်ပါတယ်။ လျှောက်လွှာတွေကို အောက်တိုဘာလ ၃၁ ရက်မှ စတင် ထုတ်ယူနိုင်ပြီး နိုဝင်ဘာလ ၁၉ ရက်နောက်ဆုံးထား ပြန်လည်လျှောက်ထားရမှာဖြစ်ပါတယ်။

လျှောက်လွှာနဲ့အတူ မှတ်ပုံတင် မိတ္တူ၊ ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံစာ၊ တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်း (မူရင်း)၊ အစိုးရနည်းပညာအထက်တန်းကျောင်း အောင်မြင်သူဖြစ်ပါက အောင်လက်မှတ်မူရင်း တို့ကို ပူးတွဲတင်ပြရမှာြဖစ်ပါတယ်။အသေးစိတ် အချက်အလက်တွေကို အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်) ဖုန်း-၀၉၄၄၃၉၇၃၆၀၆၊ ၀၉၄၄၃၉၇၃၆၀၈ ကို ဆက်သွယ်မေးမြန်း နိုင်ပါတယ်။

-သန္တာ