အစိုးရစက်မှုလက်မှုသိပ္ပံမှ ညနေပိုင်းဒီပလိုမာသင်တန်းအတွက် လျှောက်လွှာခေါ်ယူ

အစိုးရစက်မှုလက်မှုသိပ္ပံ (မန္တလေး) မှ ၂၀၁၉ – ၂၀၂၀ ပညာသင်နှစ်အတွက် A.G.T.I ညနေပိုင်း ဒီပလိုမာသင်တန်း ပထမနှစ်အတွက် လျှောက်လွှာခေါ်ယူမယ်လို့ သိရပါတယ်။

မြို့ပြအင်ဂျင်နီယာ၊ အီလက်ထရွန်နစ် အင်ဂျင်နီယာ၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ၊ စက်မှုအင်ဂျင်နီယာ၊ သုတနည်းပညာ စတဲ့ ဘာသာရပ်တွေကို ဖွင့်လှစ်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ တက်ရောက်လိုသူတွေဟာ တက္ကသိုလ်ဝင်စာမေးပွဲမှာ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒဘာသာရပ်တွေ ပါဝင်တဲ့ မည်သည့်ဘာသာတွဲ မဆို အောင်မြင်သူတွေလျှောက်ထားနိုင်ပြီး အစိုးရနည်းပညာအထက်တန်းကျောင်း အောင်မြင်ပြီးသူတွေလည်း လျှောက်ထားနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ သင်တန်းကာလမှာ ၃ နှစ်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက A.G.T.I ဒီပလိုမာ အောင်လက်မှတ်ရရှိမှာဖြစ်ပါတယ်။ လျှောက်လွှာတွေကို နို၀င်ဘာ ၁၃ ရက် မှစတင်ကာ အစိုးရစက်မှုလက်မှုသိပ္ပံ (မန္တလေး) မှာစတင်ထုတ်ယူနိုင်ပြီး ဒီဇင်ဘာလ ၂ ရက် နောက်ဆုံးထားကာ ပြန်လည်တင်သွင်းရမှာဖြစ်ပါတယ်။

အသေးစိတ်ကို ဖုန်း – ၀၉၇၇၆၆၈၀၂၃၉ ကို ဆက်သွယ် မေးမြန်း စုံစမ်းနိုင်ပါတယ်။

-သန္တာ