အစိုးရစက္မႈလက္မႈသိပၸံ၏ နည္းပညာဆိုင္ရာ Project ၿပိဳင္ပြဲ က်င္းပခဲ့

[ Zawgyi ]

ပညာေရးဝန္ႀကီးဌာန၊ နည္းပညာ၊ အသက္ေမြးပညာႏွင့္ ေလ့က်င့္ေရးဦးစီးဌာန၊ အစိုးရစက္မႈ လက္မႈသိပၸံရဲ႕ နည္းပညာဆိုင္ရာ Project ၿပိဳင္ပြဲ က်င္းပခဲ့ေၾကာင္း သိရပါတယ္။

ရန္ကုန္တိုင္းေဒသႀကီး၊ အင္းစိန္ၿမိဳ႕နယ္႐ွိ အစိုးရစက္မႈလက္မႈ သိပၸံမွာ ဇူလိုင္ ၁၅ ရက္က ျပဳလုပ္ခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။”ဒီေန႔ဇူလိုင္ ၁၅ ရက္ေန႔မွာ တစ္ကမာၻလံုးမွာရွိတဲ့ လူငယ္ေတြရဲ႕ စြမ္းေဆာင္မႈေတြ၊ စြမ္းရည္ေတြကိုျပသဖို႔ သတ္မွတ္ထားတဲ့ ေန႔တစ္ေန႔ျဖစ္ပါတယ္၊ ဒါေၾကာင့္လူငယ္မ်ိဳး ဆက္သစ္ေတြက ယွဥ္ၿပိဳင္ခဲ့တဲ့ Project ေတြကို ဒီေန႔ေတြ႕ျမင္ရမွာ ျဖစ္ပါတယ္၊ Project တစ္ခုကိုလုပ္ခဲ့ၿပီဆိုရင္ ဒီ project ကေန product ျဖစ္ေအာင္ ေရွ႕ကိုတက္လွမ္းတိုးႏိုင္ဖို႔ လိုအပ္ပါတယ္၊ ကြ်န္ေတာ္တို႔ စြမ္းေဆာင္ထားတဲ့ ptoduct ဟာေစ်းကြက္မွာ ေရာင္းလို႔ရတဲ့ ကုန္ပစၥည္းျဖစ္ႏိုင္ဖို႔ အဆင့္ထိ ႀကိဳးစားဖို႔ လိုအပ္ပါတယ္” ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႔ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ေျပာၾကားခဲ့တယ္လို႔ သတင္းထုတ္ျပန္ခ်က္အရ သိရပါတယ္။

အဲဒီလိုေဆာင္ရြက္ျခင္းအားျဖင့္ လူငယ္မ်ိဳးဆက္ေတြဟာ ကုမၸဏီငယ္ေလးေတြအျဖစ္ ေျပာင္းလဲသြားႏိုင္ေၾကာင္း ဆိုပါတယ္။ “ဒီလိုလက္လွမ္းႏိုင္မယ္ဆိုရင္ လူငယ္မ်ိဳးဆက္ေတြဟာ အစိုးရေတြေဆာင္ရြက္တဲ့ ကုမၸဏီငယ္ေလးေတြအျဖစ္နဲ႔ ေျပာင္းလဲသြားႏိုင္တယ္၊ စီးပြားေရးလုပ္ငန္းရွင္ေတြလည္း ကိုယ့္ရဲ႕ product ပစၥည္းေတြကို ေရာင္းႏိုင္သူေတြ ျဖစ္လာမွာပါ၊ ဒါမွသာလ်ွင္ ပညာသင္ၾကားတယ္ဆိုတာ တိုးတက္မႈျဖစ္စဥ္တစ္ခုကို အေထာက္အကူ ျဖစ္လာဖို႔ ျဖစ္ပါတယ္”လို႔ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႔ ဝန္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္းက ေျပာၾကားခဲ့တယ္လို႔ သတင္းထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

-ထြန္းထြန္း

[ Unicode ]

ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ အသက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရစက်မှု လက်မှုသိပ္ပံရဲ့ နည်းပညာဆိုင်ရာ Project ပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ အစိုးရစက်မှုလက်မှု သိပ္ပံမှာ ဇူလိုင် ၁၅ ရက်က ပြုလုပ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။”ဒီနေ့ဇူလိုင် ၁၅ ရက်နေ့မှာ တစ်ကမ္ဘာလုံးမှာရှိတဲ့ လူငယ်တွေရဲ့ စွမ်းဆောင်မှုတွေ၊ စွမ်းရည်တွေကိုပြသဖို့ သတ်မှတ်ထားတဲ့ နေ့တစ်နေ့ဖြစ်ပါတယ်၊ ဒါကြောင့်လူငယ်မျိုး ဆက်သစ်တွေက ယှဉ်ပြိုင်ခဲ့တဲ့ Project တွေကို ဒီနေ့တွေ့မြင်ရမှာ ဖြစ်ပါတယ်၊ Project တစ်ခုကိုလုပ်ခဲ့ပြီဆိုရင် ဒီ project ကနေ product ဖြစ်အောင် ရှေ့ကိုတက်လှမ်းတိုးနိုင်ဖို့ လိုအပ်ပါတယ်၊ ကျွန်တော်တို့ စွမ်းဆောင်ထားတဲ့ ptoduct ဟာစျေးကွက်မှာ ရောင်းလို့ရတဲ့ ကုန်ပစ္စည်းဖြစ်နိုင်ဖို့ အဆင့်ထိ ကြိုးစားဖို့ လိုအပ်ပါတယ်” ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

အဲဒီလိုဆောင်ရွက်ခြင်းအားဖြင့် လူငယ်မျိုးဆက်တွေဟာ ကုမ္ပဏီငယ်လေးတွေအဖြစ် ပြောင်းလဲသွားနိုင်ကြောင်း ဆိုပါတယ်။ “ဒီလိုလက်လှမ်းနိုင်မယ်ဆိုရင် လူငယ်မျိုးဆက်တွေဟာ အစိုးရတွေဆောင်ရွက်တဲ့ ကုမ္ပဏီငယ်လေးတွေအဖြစ်နဲ့ ပြောင်းလဲသွားနိုင်တယ်၊ စီးပွားရေးလုပ်ငန်းရှင်တွေလည်း ကိုယ့်ရဲ့ product ပစ္စည်းတွေကို ရောင်းနိုင်သူတွေ ဖြစ်လာမှာပါ၊ ဒါမှသာလျှင် ပညာသင်ကြားတယ်ဆိုတာ တိုးတက်မှုဖြစ်စဉ်တစ်ခုကို အထောက်အကူ ဖြစ်လာဖို့ ဖြစ်ပါတယ်”လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

-ထွန်းထွန်း