
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ ဖက်ဒရယ်အစိုးရ ဓာတ်ဆီစွမ်းအင်သုံးကားတွေ ဖယ်ရှားဖို့ ဆောင်ရွက်နေပြီး လျှပ်စစ်ကားတွေ အစားထိုးသွားပါမယ်။
ဂျိုးဘိုင်ဒင်ဟာ ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း အစိုးရကားတွေကို အမေရိကန်ထုတ်လျှပ်စစ်ကားတွေနဲ့ အစားထိုးမယ် ဆိုတဲ့ ကတိကို ပြည့်မီအောင် လုပ်နေတာ ဖြစ်ပါတယ်။ “ဖက်ဒရယ်အစိုးရက ကားတွေအများကြီးပိုင်ဆိုင်ပြီး အမေရိကနဲ့ အမေရိကန်လုပ်သားတွေ ဒီမြေမှာ ထုတ်လုပ်ထားတဲ့ သန့်စင်တဲ့ လျှပ်စစ်ကားတွေကို အစားထိုးပါမယ်” လို့ “Buy American” အမိန့်ကို ကြေညာရင်း ဘိုင်ဒင်ကပြောခဲ့ပါတယ်။
အခုသတင်းကတော့ အမေရိကန်အခြေစိုက် Tesla, Rivian နဲ့ Lordstown လို လျှပ်စစ်ကားကုမ္ပဏီတွေအတွက် သတင်းကောင်းဖြစ်ပါတယ်။ ဒါ့အပြင် Ford နဲ့ General Motors တို့လို နာမည်ကျော်ကားကုမ္ပဏီတွေကလည်း လျှပ်စစ်ကားထုတ်လုပ်ဖို့ ဒေါ်လာဘီလျံပေါင်းများစွာ ရင်းနှီးမြှုပ်နှံထားကြပါတယ်။
-စိုးထက်
Ref: TheVerge
»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««