အစားအေသာက္ေပးပို႔တဲ့ ဝန္ေဆာင္မႈကို အေရွ႕ေတာင္အာရွမွာ စတင္လိုက္တဲ့ Grab

[ Zawgyi ]

Uber ရဲ႕ အေရွ႕ေတာင္အာရွလုပ္ငန္းကို ေလာေလာလတ္လတ္ ဝယ္ယူထားတဲ့ အငွားယာဥ္ဝန္ေဆာင္မႈကုမၸဏီ Grab ဟာ GrabFood လို႔ေခၚတဲ့ အစားအေသာက္ေပးပို႔တဲ့ လုပ္ငန္းကို တရားဝင္စတင္လိုက္ပါတယ္။

အဆိုပါ ဝန္ေဆာင္မႈကို ထိုင္းႏိုင္ငံအပါအဝင္ ႏိုင္ငံအခ်ိဳ႕မွာ စမ္းသပ္ခဲ့ေပမယ့္ အခုအခါမွာေတာ့ Grab ရဲ႕ ႐ံုးခ်ဳပ္အေျခစိုက္ရာ စင္ကာပူႏုိင္ငံမွာ စတင္ခဲ့တာျဖစ္ပါတယ္။ Grab ရဲ႕ အေရွ႕ေတာင္အာရွက အဓိကေစ်းကြက္ ေျခာက္ခုမွာေတာ့ လအနည္းငယ္အတြင္း ျဖန္႔ခ်ိေပးသြားဖို႔ စီစဥ္ထားပါတယ္။ Uber Southeast Asia ကို ဝယ္ယူတဲ့ တစ္စိတ္တစ္ပိုင္း အေနနဲ႔ Grab ဟာ ေဒသအတြင္းမွာရိွတဲ့ UberEats ကို တာဝန္ယူခဲ့သလို Uber ဝန္ေဆာင္မႈကို မပိတ္ခင္ ကုန္ပစၥည္းေရာင္းခ်သူေတြနဲ႔ ေဖာက္သည္ေတြကို GrabFood ဆီ ေရႊ႕ေျပာင္းခဲ့ပါတယ္။

GrabFood ကို စင္ကာပူမွာ standalone app တစ္ခု အေနနဲ႔ အသံုးျပဳႏိုင္ပါတယ္။ Grab က ေမာ္ေတာ္ဆိုင္ကယ္ေတြနဲ႔ ေထာက္ပံ့ေပးတဲ့ ႏိုင္ငံေတြမွာေတာ့ အဆိုပါဝန္ေဆာင္မႈကို ပင္မ Grab app ထဲ ေပါင္းစပ္ထည့္သြင္းထားမွာ ျဖစ္ပါတယ္။ ဒီဝန္ေဆာင္မႈဟာ Deliveroo, FoodPanda, Go-Jek ရဲ႕ GoFood စတာေတြနဲ႔ ယွဥ္ၿပိဳင္သြားမွာျဖစ္ပါတယ္။

GrabFood ဝန္ေဆာင္မႈကို GrabRewards နဲ႔ ခ်ိတ္ဆက္ထားပါတယ္။ ေဖာက္သည္ေတြအေနနဲ႔ မွာယူထားတဲ့ ေအာ္ဒါေတြအတြက္ ေငြသား၊ ကတ္ေတြ ဒါမွမဟုတ္ GrabPay ကို အသံုးျပဳႏိုင္တယ္လို႔ သိရပါတယ္။

-ေနာင္ေနာင္
Ref: TechCrunch

==========

[ Unicode ]

အစားအသောက်ပေးပို့တဲ့ ဝန်ဆောင်မှုကို အရှေ့တောင်အာရှမှာ စတင်လိုက်တဲ့ Grab

==========

Uber ရဲ့ အရှေ့တောင်အာရှလုပ်ငန်းကို လောလောလတ်လတ် ဝယ်ယူထားတဲ့ အငှားယာဉ်ဝန်ဆောင်မှုကုမ္ပဏီ Grab ဟာ GrabFood လို့ခေါ်တဲ့ အစားအသောက်ပေးပို့တဲ့ လုပ်ငန်းကို တရားဝင်စတင်လိုက်ပါတယ်။

အဆိုပါ ဝန်ဆောင်မှုကို ထိုင်းနိုင်ငံအပါအဝင် နိုင်ငံအချို့မှာ စမ်းသပ်ခဲ့ပေမယ့် အခုအခါမှာတော့ Grab ရဲ့ ရုံးချုပ်အခြေစိုက်ရာ စင်ကာပူနိုင်ငံမှာ စတင်ခဲ့တာဖြစ်ပါတယ်။ Grab ရဲ့ အရှေ့တောင်အာရှက အဓိကစျေးကွက် ခြောက်ခုမှာတော့ လအနည်းငယ်အတွင်း ဖြန့်ချိပေးသွားဖို့ စီစဉ်ထားပါတယ်။ Uber Southeast Asia ကို ဝယ်ယူတဲ့ တစ်စိတ်တစ်ပိုင်း အနေနဲ့ Grab ဟာ ဒေသအတွင်းမှာရှိတဲ့ UberEats ကို တာဝန်ယူခဲ့သလို Uber ဝန်ဆောင်မှုကို မပိတ်ခင် ကုန်ပစ္စည်းရောင်းချသူတွေနဲ့ ဖောက်သည်တွေကို GrabFood ဆီ ရွှေ့ပြောင်းခဲ့ပါတယ်။

GrabFood ကို စင်ကာပူမှာ standalone app တစ်ခု အနေနဲ့ အသုံးပြုနိုင်ပါတယ်။ Grab က မော်တော်ဆိုင်ကယ်တွေနဲ့ ထောက်ပံ့ပေးတဲ့ နိုင်ငံတွေမှာတော့ အဆိုပါဝန်ဆောင်မှုကို ပင်မ Grab app ထဲ ပေါင်းစပ်ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ ဒီဝန်ဆောင်မှုဟာ Deliveroo, FoodPanda, Go-Jek ရဲ့ GoFood စတာတွေနဲ့ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

GrabFood ဝန်ဆောင်မှုကို GrabRewards နဲ့ ချိတ်ဆက်ထားပါတယ်။ ဖောက်သည်တွေအနေနဲ့ မှာယူထားတဲ့ အော်ဒါတွေအတွက် ငွေသား၊ ကတ်တွေ ဒါမှမဟုတ် GrabPay ကို အသုံးပြုနိုင်တယ်လို့ သိရပါတယ်။

-နောင်နောင်
Ref: TechCrunch