အစားအေသာက္ပုံစံနဲ႔ ေနထိုင္မႈအေပၚ အေျခခံၿပီး Yelp မွာ စိတ္ႀကိဳက္ျပင္ဆင္ႏိုင္

[ Zawgyi ]

Yelp ဟာ app အတြက္ စိတ္ႀကိဳက္ျပင္ဆင္ႏိုင္တဲ့ option အသစ္ေတြကုိ ျဖန္႔ခ်ိလိုက္ပါတယ္။ ဒါေၾကာင့္ Yelp ဟာ သုံးစြဲသူရဲ႕ စားေသာက္မႈနဲ႔ ေနထိုင္မႈပုံစံ ႀကိဳက္ႏွစ္သက္မႈမ်ားစြာကုိ ေဖာ္ျပေပးၿပီး သင့္ေတာ္တဲ့ ရွာေဖြမႈရလဒ္ေတြကုိ ျပသေပးမွာပါ။

အခုအခါမွာ Yelp ကုိဝင္လိုက္ရင္ “preferences” ကိုထည့္သြင္းရပါမယ္။ အဲဒီထဲမွာ သုံးစြဲသူ ႀကိဳက္ႏွစ္သက္တဲ့ အစားအေသာက္ အမ်ိဳးမ်ိိဳးအျပင္ ေနထိုင္တဲ့ပုံစံ (မိဘ၊ အိမ္ေမြးတိရစၧာန္ရွိသူ) နဲ႔ ဘာအသုံးျပဳမလဲဆိုတာေတြ ပါဝင္လာပါတယ္။ အခုဆိုရင္ Yelp ေပၚမွာ ရွာေဖြတဲ့အခါ filter လုပ္စရာမလိုဘဲ preferences အေပၚ အေျခခံၿပီး ရလဒ္ကုိ ျမင္ရမွာပါ။

အသုံးအဝင္ဆုံး feature သစ္ေတြကေတာ့ အစားအေသာက္ ဒါမွမဟုတ္ ႐ုပ္ပုိင္းဆုိင္ရာအတြက္ ကန္႔သတ္မႈေတြ ျပဳလုပ္တာျဖစ္ပါတယ္။ ဥပမာအေနနဲ႔ သုံးစြဲသူက သက္သတ္လြတ္စားတာ၊ ငါးမစားတာနဲ႔ ကာဗြန္ဟိုက္ဒရိတ္နည္းပါးတဲ့ အစာေတြ ေရွာင္တာလိုမ်ိဳးကို preferences ေတြေရြးခ်ယ္ႏိုင္ပါတယ္။ ဒါ့အျပင္ သုံးစြဲသူက ဘီးတပ္ကုလားထိုင္နဲ႔သြားလာလို႔ရတဲ့ ေနရာေတြ ဒါမွမဟုတ္ လိင္မခြဲျခားတဲ့ သန္႔စင္ခန္းေတြရွိတဲ့ ေနရာေတြကုိလည္း ေရြးခ်ယ္ႏိုင္ပါတယ္။

စိုးထက္
Ref: TheNextWeb

[ Unicode ]

Yelp ဟာ app အတွက် စိတ်ကြိုက်ပြင်ဆင်နိုင်တဲ့ option အသစ်တွေကို ဖြန့်ချိလိုက်ပါတယ်။ ဒါကြောင့် Yelp ဟာ သုံးစွဲသူရဲ့ စားသောက်မှုနဲ့ နေထိုင်မှုပုံစံ ကြိုက်နှစ်သက်မှုများစွာကို ဖော်ပြပေးပြီး သင့်တော်တဲ့ ရှာဖွေမှုရလဒ်တွေကို ပြသပေးမှာပါ။

အခုအခါမှာ Yelp ကိုဝင်လိုက်ရင် “preferences” ကိုထည့်သွင်းရပါမယ်။ အဲဒီထဲမှာ သုံးစွဲသူ ကြိုက်နှစ်သက်တဲ့ အစားအသောက် အမျိုးမျိိုးအပြင် နေထိုင်တဲ့ပုံစံ (မိဘ၊ အိမ်မွေးတိရစ္ဆာန်ရှိသူ) နဲ့ ဘာအသုံးပြုမလဲဆိုတာတွေ ပါဝင်လာပါတယ်။ အခုဆိုရင် Yelp ပေါ်မှာ ရှာဖွေတဲ့အခါ filter လုပ်စရာမလိုဘဲ preferences အပေါ် အခြေခံပြီး ရလဒ်ကို မြင်ရမှာပါ။

အသုံးအဝင်ဆုံး feature သစ်တွေကတော့ အစားအသောက် ဒါမှမဟုတ် ရုပ်ပိုင်းဆိုင်ရာအတွက် ကန့်သတ်မှုတွေ ပြုလုပ်တာဖြစ်ပါတယ်။ ဥပမာအနေနဲ့ သုံးစွဲသူက သက်သတ်လွတ်စားတာ၊ ငါးမစားတာနဲ့ ကာဗွန်ဟိုက်ဒရိတ်နည်းပါးတဲ့ အစာတွေ ရှောင်တာလိုမျိုးကို preferences တွေရွေးချယ်နိုင်ပါတယ်။ ဒါ့အပြင် သုံးစွဲသူက ဘီးတပ်ကုလားထိုင်နဲ့သွားလာလို့ရတဲ့ နေရာတွေ ဒါမှမဟုတ် လိင်မခွဲခြားတဲ့ သန့်စင်ခန်းတွေရှိတဲ့ နေရာတွေကိုလည်း ရွေးချယ်နိုင်ပါတယ်။

Ref: TheNextWeb