အငွားယာဥ္မွ်ေ၀စီးနင္းႏိုင္မည့္အစီအစဥ္ Grab ျပဳလုပ္

[Zawgyi]

သြားမယ့္လမ္းေၾကာင္းတူသူခရီးသည္အခ်င္းခ်င္း အငွားယာဥ္မွ်ေ၀စီးနင္းႏိုင္မယ့္အစီအစဥ္ကို Grab က ျပဳလုပ္လုိက္ပါတယ္။

ပံုမွန္ GrabTaxi ထက္ ယာဥ္စီးခ၂၀ ရာခိုင္ႏႈန္းသက္သာေစမွာျဖစ္ေၾကာင္း၊ အဲဒီ GrabShare ဟာ ဦးတည္ရာလမ္းေၾကာင္းတူတဲ့ခရီးသည္ေတြကို ယာဥ္ေမာင္းတစ္ဦးတည္းနဲ႔ခ်ိတ္ဆက္ေပးၿပီးတဲ့ေနာက္ ခရီးစဥ္ေတြကို တစ္ၿပိဳင္နက္ လိုက္လံပို႔ေဆာင္ေပးမွာျဖစ္ေၾကာင္းသိရပါတယ္။ “ၿမိဳ႕တြင္း GrabTaxi တစ္စီးစီမွာခရီးသည္မ်ားမ်ားပိုၿပီး လိုက္ပါစီးနင္းႏိုင္မွာျဖစ္တဲ့အတြက္ ယာဥ္ေၾကာပိတ္ဆို႔မႈနဲ႔ ကာဗြန္ ထုတ္လႊတ္မႈေလ်ာ့က်သြားေအာင္အကူအညီေပးႏိုင္ပါလိမ့္မယ္” လို႔ Grab Myanmar ရဲ႕ Acting Country Manager ျဖစ္သူ Alvin Loh ကေျပာပါတယ္။

GrabShare ကိုသံုးဖို႔ Grab Application ရဲ႕ ၀န္ေဆာင္မႈအမ်ိဳးအစားေနရာမွာေရြးခ်ယ္ရမွာ ျဖစ္ပါတယ္။ မိမိနဲ႔သူငယ္ခ်င္းတစ္ဦးသာေခၚေဆာင္စီးနင္းခြင့္ရွိၿပီး App မွာျပထားတဲ့ေနရာ အစဥ္ လိုက္သာ ယာဥ္ေမာင္းကပို႔ေဆာင္ေပးမွာျဖစ္တယ္လို႔သိရပါတယ္။ ၾသဂုတ္လ ၁ ရက္ကေနစၿပီးအသံုး ျပဳႏိုင္မွာျဖစ္ပါတယ္။ GrabShare ကို အေရွ႕ေတာင္အာရွေလးႏိုင္ငံမွာ အသံုးျပဳေနၿပီး ျမန္မာႏိုင္ငံက ပဥၶမေျမာက္ႏိုင္ငံျဖစ္ပါတယ္။ လက္ရွိ ျမန္မာႏိုင္ငံမွာ ရန္ကုန္ၿမိဳ႕ကေနစတင္အသံုးျပဳႏိုင္မွာျဖစ္ေၾကာင္း သိရပါတယ္။

[Unicode]

သွားမယ့်လမ်းကြောင်းတူသူခရီးသည်အချင်းချင်း အငှားယာဉ်မျှဝေစီးနင်းနိုင်မယ့်အစီအစဉ်ကို Grab က ပြုလုပ်လိုက်ပါတယ်။

ပုံမှန် GrabTaxi ထက် ယာဉ်စီးခ၂၀ ရာခိုင်နှုန်းသက်သာစေမှာဖြစ်ကြောင်း၊ အဲဒီ GrabShare ဟာ ဦးတည်ရာလမ်းကြောင်းတူတဲ့ခရီးသည်တွေကို ယာဉ်မောင်းတစ်ဦးတည်းနဲ့ချိတ်ဆက်ပေးပြီးတဲ့နောက် ခရီးစဉ်တွေကို တစ်ပြိုင်နက် လိုက်လံပို့ဆောင်ပေးမှာဖြစ်ကြောင်းသိရပါတယ်။ “မြို့တွင်း GrabTaxi တစ်စီးစီမှာခရီးသည်များများပိုပြီး လိုက်ပါစီးနင်းနိုင်မှာဖြစ်တဲ့အတွက် ယာဉ်ကြောပိတ်ဆို့မှုနဲ့ ကာဗွန် ထုတ်လွှတ်မှုလျော့ကျသွားအောင်အကူအညီပေးနိုင်ပါလိမ့်မယ်” လို့ Grab Myanmar ရဲ့ Acting Country Manager ဖြစ်သူ Alvin Loh ကပြောပါတယ်။

GrabShare ကိုသုံးဖို့ Grab Application ရဲ့ ၀န်ဆောင်မှုအမျိုးအစားနေရာမှာရွေးချယ်ရမှာ ဖြစ်ပါတယ်။ မိမိနဲ့သူငယ်ချင်းတစ်ဦးသာခေါ်ဆောင်စီးနင်းခွင့်ရှိပြီး App မှာပြထားတဲ့နေရာ အစဉ် လိုက်သာ ယာဉ်မောင်းကပို့ဆောင်ပေးမှာဖြစ်တယ်လို့သိရပါတယ်။ သြဂုတ်လ ၁ ရက်ကနေစပြီးအသုံး ပြုနိုင်မှာဖြစ်ပါတယ်။ GrabShare ကို အရှေ့တောင်အာရှလေးနိုင်ငံမှာ အသုံးပြုနေပြီး မြန်မာနိုင်ငံက ပဥ္ဓမမြောက်နိုင်ငံဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ ရန်ကုန်မြို့ကနေစတင်အသုံးပြုနိုင်မှာဖြစ်ကြောင်း သိရပါတယ်။