
Super Crate Box, Nuclear Throne နဲ့ Ridiculous Fishing လိုမျိုး လူအများနှစ်သက်ကြတဲ့ ဂိမ်းတွေ ထုတ်လုပ်တဲ့ အင်ဒီဂိမ်းစတူဒီယို Vlambeer ကုမ္ပဏီဟာ ပိတ်သိမ်းသွားပါပြီ။ ဆယ်နှစ်သက်တမ်း ပြည့်မြောက်တဲ့နေ့မှာပဲ Vlambeer ဟာ Twitter မှာ ကုမ္ပဏီပိတ်သိမ်းတဲ့ သတင်းကို ကြေညာခဲ့ပါတယ်။
Today marks Vlambeer’s 10th anniversary, which is way longer than we could've ever imagined. We had a beautiful run, made incredible games, and worked with amazing people, but it is time for new things. So we're announcing the end of Vlambeer. pic.twitter.com/jZ4dMGxNV2
— Vlambeer (@Vlambeer) September 1, 2020
၂၀၁၀ မှာ ဂျန်ဝီလန်နီမန်နဲ့ ရာမီအစ္စမေးတို့က ဒတ်ချ်စတူဒီယို Vlambeer ကိုတည်ထောင်ခဲ့ပါတယ်။ တည်ထောင်သူတွေကလည် အင်ဒီဂိမ်းလောကအတွက် အားထားရသူတွေပါ။ Vlambeer ဟာ ဂိမ်းတွေ ပုံတူပွားခံရတဲ့ ကိစ္စကို အဓိကထား ဝေဖန်ခဲ့ပါတယ်။ အစ္စမေးကလည်း အမျိုးအစား မျိုးစုံနဲ့ လွတ်လပ်တဲ့ ဂိမ်းဖန်တီးမှုအပေါ် ထောက်ခံပြောဆိုခဲ့ပါတယ်။
Vlambeer ဟာ Ultrabugs ဆိုတဲ့ arcade ဂိမ်းသစ်ကို ထွက်ရှိဖို့ ဆန္ဒရှိပါသေးတယ်။ လက်ရှိမှာတော့ Vlambeer ဆယ်နှစ်ပြည့်အထိမ်းအမှတ် အဖြစ် Steam မှာ ဂိမ်းကို ရောင်းချနေပါတယ်။
စိုးထက်
Ref: TheVerge
»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««