အင်တာနက် မလိုဘဲ Mesh Network ကနေ စကားပြောနိုင်မယ့် app (၅) ခု

အခုဖော်ပြမယ့် app တွေက 2G, 3G ဒါမှမဟုတ် 4G ကွန်ရက်မလိုဘဲ စကားပြောဆိုနိုင်တဲ့ app တွေရှိပါတယ်။ အဲဒီ app တွေကတော့ မီတာ ၁၀၀ နဲ့ ၂၀၀ အကွာအဝေးအတွင်း ဆက်သွယ်နိုင်ပါတယ်။ Wi-Fi ဒါမှမဟုတ် Bluetooth ကတဆင့် encrypted အချက်အလက်တွေကို ထုတ်လွှင့်ပေးနိုင်ပါတယ်။

Mesh Network သဘောကတော့ A နဲ့ C အကြား တိုက်ရိုက်ဆက်သွယ်မှု မရှိတဲ့အခါ ဆက်သွယ်တဲ့ app ကတော့ A ကနေ B ကနေ C အထိ မက်ဆေ့ချ်ပို့ပေးပါတယ်။ အတိုပြောရရင် WhasApp, Line, WeChat နဲ့ Facebook Message လိုမျိုး အဓိက ဆာဗာမရှိဘဲ P2P software နဲ့ မက်ဆေ့ချ်ပို့ပေးတာပါ။

အခုဖော်ပြမယ့် app တွေကတော့ Android 8.0 Oreo/ Android 9.0 မှာဆို အလုပ်ကောင်းကောင်းလုပ်ပါတယ်။

သတိပြုရမှာက Mesh Network ကတော့ အကွာအဝေးတစ်ခုစီ စမတ်ဖုန်း ၂ ခုနဲ့အထက် ဆက်သွယ်လို့ရပါတယ်။ စမတ်ဖုန်းလိုင်းအားပေါ် မူတည်ပြီး အကွာအဝေးနဲ့ လွှမ်းခြုံနိုင်စွမ်း ကွာသွားပါမယ်။

Mesh Network Chat app ဘယ်အချိန်မှာ အသုံးပြုနိုင်မလဲ

– ဖုန်းလိုင်းမမိတဲ့ ဝေးလံခေါင်ဖျားတဲ့ နေရာမှာ ယာယီစခန်းချတာ ဒါမှမဟုတ် တောတိုးတာ

– သဘာဝပတ်ဝန်းကျင်အန္တရာယ် ဖြစ်ပေါ်ချိန် ရေကြီးတာ၊ ဟယ်ရီကိန်းမုန်တိုင်း၊ ငလျင်လှုပ်အပြီးမှာ အသုံးပြုနိုင်

– ဆန္ဒပြမှုများစွာ ရှိနေချိန်မှာ အစိုးရ အင်တာနက် ဖြတ်တောက်လိုက်ချိန်မှာလည်း အသုံးပြုနိုင်

– လေယာဉ်ပေါ်မှာလည်း ခုံအနီးအနားမထိုင်ရတဲ့ သူငယ်ချင်း အချင်းချင်း ဆက်သွယ်နိုင်

(၁) The Serval Mesh (Android)

အခု software ကတော့ အလွယ်တကူ တစ်ကိုယ်ရေသုံး ဖုန်းခေါ်ဆိုမှုနဲ့ လုံခြုံတဲ့ text message တွေလည်း ပေးပို့တာလည်း လုပ်နိုင်ပါတယ်။ ဒါ့အပြင် အမေရိကန်၊ ဥရောပ ဒါမှမဟုတ် အာဖရိကနဲ့ ဩစတြေးလျထဲ ကုန်းခေါင်ရေဝေးဒေသနဲ့ ဂူထဲ၊ မြေအောက်ရထားထဲကနေလည်း ဖိုင်တွေ ဝေမျှနိုင်ပါတယ်။ ဆယ်လူလာကွန်ရက် မရှိတဲ့အချိန်မှာလည်း သုံးနိုင်ပါတယ်။ ဒါ့အပြင် mesh ပေါ်မှာ ရှိပြီးသား ဖုန်းနံပါတ်နဲ့ ဆက်လက် သုံးနိုင်တာကြောင့် အရေးပေါ်ဆက်သွယ်မှုလည်း ယူနိုင်ပါတယ်။

(၂) Signal Offline Messenger (Android)

Signal ကတော့ Wi-Fi Direct အခြေခံ offline messaging app ဖြစ်ပါတယ်။ Signal ကတော့ အင်တာနက် ဒါမှမဟုတ် ကွန်ရက်မလိုဘဲ မီတာ ၁၀၀ အတွင်း ဆက်သွယ်နိုင်ပါတယ်။ တစ်ဦးချင်း ဒါမှမဟုတ် အဖွဲ့လိုက် စကားပြောနိုင်ပါတယ်။ လှိုင်းတိုနဲ့ အသံဖိုင်၊ စာသား၊ ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို Wi-Fi diect ကနေ ပေးပို့နိုင်ပါတယ်။

(၃) Vojer (iOS)

Vojer ကလည်း 3G/4G ဒါမှမဟုတ် Wi-Fi မလိုဘဲ အနီးအနားက မိတ်ဆွေနဲ့ ဆက်သွယ်နိုင်မယ့် app ဖြစ်ပါတယ်။ အခု app ကတော့ အခြားလူတစ်ယောက်နဲ့ တိုက်ရိုက်ဆက်သွယ်နိုင်ပြီး ကြားထဲမှာ ဆာဗာ၊ ဝက်ဘ်ဆိုက် ဒါမှမဟုတ် bottleneck လည်းမရှိပါဘူး။

(၄) Bridgefy (Android နဲ့ iOS)

Bridgefy ကတော့ Bluetooth အင်တာနာဖွင့်ပြီး အင်တာနက်မလိုဘဲ သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့ စကားပြောနိုင်ပါတယ်။ Bridgefy ကတော့ Bluetooth အင်တာနာဖွင့်လိုက်ရင် ပေ ၃၃၀ အကွာ (မီတာ ၁၀၀) ကလူတွေနဲ့ စကားပြောနိုင်ပါတယ်။ Broadcast Mode ကတော့ အနီးအနားမှာ ရှိတဲ့ လူအားလုံးနဲ့ တစ်ချိန်တည်း စကားပြောနိုင်ပါတယ်။

(၅) Briar (Android)

Briar ကတော့ တက်ကြွလှုပ်ရှားသူတွေ၊ ဂျာနယ်လစ်နဲ့ လုံလုံခြုံခြုံနဲ့ လွယ်ကူစွာ ဆက်သွယ်နိုင်မယ့် နည်းလမ်း ရှာဖွေသူတိုင်းအတွက် ထုတ်ထားတာပါ။ အီးမေးလ် Twitter ဒါမှမဟုတ် Telegram နဲ့မတူတာက Briar ကတော့ အဓိက ဆာဗာအပေါ် အခြေပြုထားတာ မဟုတ်ဘဲ သုံးစွဲသူဖုန်းပေါ်မှာပဲ အချက်အလက်တွေ sync လုပ်ထားပါတယ်။ တကယ်လို့ အင်တာနက် မရတော့ဘူးဆိုရင်တော့ Briar ကတော့ Wi-Fi ဒါမှမဟုတ် Bluetooth ကတစ်ဆင့် sync လုပ်ပေးပါတယ်။ အကျပ်အတည်းကာလအတွင်း အချက်အလက်တွေ ဆက်လက်စီးဆင်းအောင် လုပ်ပေးထားပါတယ်။ ဒါ့အပြင် Tor ကွန်ရက်ကတစ်ဆင့်လည်း sync လုပ်ပေးပြီး စောင့်ကြည့်လေ့လာမှုတွေ ကာကွယ်ပေးပါတယ်။

-စိုးထက်
Ref: GeckoandFly

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««