အင်တာနက် မလိုဘဲ ဘာသာပြန်ပေးမယ့် Google Lens

ပြီးခဲ့တဲ့နှစ်ကတည်းက Google ဟာ အင်တာနက် မလိုဘဲ Google Lens အသုံးပြုပြီး ဘာသာပြန်ပေးမယ့် လုပ်ဆောင်ချက်ကို ဆောင်ရွက်နေပါတယ်။ အခုဆိုရင်တော့ Android ပေါ်မှာ offline ဘာသာပြန်လုပ်ဆောင်ချက်ကို Google Lens အတွက် ဖြန့်လိုက်ပါတယ်။

သုံးစွဲသူက Google Lens ထဲက offline ဘာသာပြန်လုပ်ဆောင်ချက် သုံးမယ်ဆိုရင် Translate filter ဖွင့်ပြီး Google Lens အောက်ဘက်က “pairing” နှိပ်ကာ “Select language” screen ကိုဖွင့်ရပါမယ်။ ပထမဆုံး ဖွင့်လိုက်တာနဲ့ ဘာသာစကားအများစု ဘေးနားက ခလုတ်သစ်မှာ “Tap to download” ဆိုတာကို နှိပ်ပေးရပါမယ်။

Google က language pack အရွယ်အစားကို ပြသပေးပြီး ထုတ်ကုန်ပေါ်က storage ပမာဏကိုလည်း သတိပေးပါမယ်။ သုံးစွဲသူက Google Lens ထဲမှာ language pack ကို download လုပ်ပြီးတာနဲ့ အမှတ်တစ်ခုကို တွေ့ရပြီး tap နောက်တစ်ချက်နှိပ်ကာ ဖိုင်ကိုလည်း ဖယ်ရှားနိုင်ပါတယ်။

Google Translate ထဲက “Instant” လိုပဲ Lens မှာပါဝင်တဲ့ လုပ်ဆောင်ချက်က shutter ခလုတ်မနှိပ်ခင်မှာ နံရံပေါ်က စာသားတွေကို ဘာသာပြန်ပေးပါတယ်။

-စိုးထက်
Ref: 9to5Google

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««