အင်တာနက်ဂျာနယ်မှ အသစ်မိတ်ဆက်မည့် IJ Marketplace ပလက်ဖောင်း မိတ်ဆက်ပွဲကို အွန်လိုင်းအခမ်းအနားဖြင့် ကျင်းပမည်

အင်တာနက်ဂျာနယ်မှ အိုင်စီတီ၊ မိုဘိုင်းနှင့် ပညာရေးလုပ်ငန်း၊ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုစတဲ့ လုပ်ငန်းဝန်ဆောင်မှုတွေကို အချိန်နဲ့တပြေးညီ ကိုယ်တိုင်ပြင်ဆင်ဖော်ပြနိုင်မယ့် directory ပုံစံဝက်ဘ်ဆိုက်ပလက်ဖောင်းမိတ်ဆက်ပွဲကို ဇန်နဝါရီ ၉ ရက် နံနက် ၁၀ နာရီမှ စတင်ကာ https://www.facebook.com/InternetJournal , https://www.facebook.com/7DayOnlineTV နဲ့ https://www.facebook.com/IJMarketplace စတဲ့ Facebook စာမျက်နှာများမှတစ်ဆင့် တိုက်ရိုက် Live ဖြင့် ကျင်းပသွားမယ်လို့ သိရပါတယ်။

IJ Marketplace ပလက်ဖောင်း မိတ်ဆက်ပွဲနှင့်အတူ တရှိန်ထိုးကူးပြောင်းနေတဲ့ မျက်မှောက်ခေတ် အကြောင်းအရာတွေကို ပညာရှင်တွေက Digital Economy and Myanmar 4.0 ခေါင်းစဉ်နဲ့ ဆွေးနွေးမယ့် Panel Discussion ကိုလည်း ထည့်သွင်းကျင်းပမှာဖြစ်ပါတယ်။အဆိုပါ Panel Discussion မှာ moderator အနေနဲ့ Information Matrix Co., Ltd. မှ CEO ဦးသောင်းစုငြိမ်း၊ Panelist တွေအနေနဲ့မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်ဥက္ကဋ္ဌ ဦးမင်းဇေယျာလှိုင်၊ မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်ဒုတိယဥက္ကဋ္ဌ ဒေါက်တာထွန်းသူရသက်၊ မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်းဥက္ကဋ္ဌ ဦးထွန်းခိုင်၊ မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်းဥက္ကဋ္ဌ ဦးထင်အောင်ခိုင် ၊ AYA Bank ,Digital Payments မှ မန်နေဂျင်းဒါရိုက်တာဦးငြိမ်းချမ်းစိုးဝင်း တို့ကပါဝင်ဆွေးနွေးမှာဖြစ်ပါတယ်။

Panel Discussion အပြင် စိတ်ဝင်စားဖွယ်ရာ Lucky Draw အစီအစဉ်များကိုလည်းထည့်သွင်းပြုလုပ်သွာမှာဖြစ်တယ်လို့ သိရပါတယ်။ IJ Marketplace ပလက်ဖောင်း မိတ်ဆက်ပွဲတွင် Launching Partner အနေဖြင့် AYA PAY နဲ့ Huawei တို့မှလည်းကောင်း၊ Media Partner အနေဖြင့် 7Day TV မှလည်းကောင်း၊ Lucky Draw Partner အနေဖြင့် Ooredoo Myanmar , REMAX နှင့် Ajax Click Photography တို့မှလည်းကောင်း ပါဝင်ကူညီပံ့ပိုးပေးထားပြီး Listing Partner အနေဖြင့် မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်းဖြင့် ပူးပေါင်းဆောင်ရွက်ထားခြင်းဖြစ်တယ်လို့သိရပါတယ်။

IJ Marketplace ပလက်ဖောင်း မိတ်ဆက်ပွဲနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို https://bit.ly/39gFR2z မှတစ်ဆင့်ဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။