အင်ဒိုနီးရှားမှာ ဖုန်းထုတ်လုပ်မှုစတင်မယ့် Xiaomi

အင်ဒိုနီးရှားနိုင်ငံ Batam မြို့မှာရှိတဲ့ စက်ရုံတစ်ခုကနေ ဖုန်းထုတ်လုပ်မှု စတင်မယ့်အကြောင်းကို Xiaomi က ကြေညာပြောကြားလိုက်ပါတယ်။ ဒီအပြောင်းအလဲဟာ အင်ဒိုနီးရှားနိုင်ငံအတွင်း Redmi 4A စမတ်ဖုန်းရောင်းချရာမှာ လိုအပ်တဲ့ခွင့်ပြုချက်ကို ရရှိစေမှာဖြစ်ပါတယ်။

၅ လက်မ screen ပါဝင်တဲ့ Redmi 4A ကို ၁၁၃ ဒေါ်လာနဲ့ Xiaomi ရဲ့ ဒေသတွင်း လက်လီအရောင်းဆိုင်ဖြစ်တဲ့ Erafone ကနေတစ်ဆင့် ဒီလကုန်ပိုင်းကစပြီး ရောင်းချသွားမှာ ဖြစ်ပါတယ်။။ ဒေသတွင်းစက်ရုံအနေနဲ့ တစ်လမှာ

အလုံးရေ ၁၀၀,၀၀၀ ကျော် ထုတ်လုပ်တပ်ဆင်သွားမယ်လို့ သိရပါတယ်။

ဇန်နဝါရီလကစပြီး အင်ဒိုနီးရှားမှာ 4G LTE ဖုန်းတွေရောင်းချမယ့် နိုင်ငံခြားစမတ်ဖုန်း ကုမ္ပဏီတွေအနေနဲ့ အနည်းဆုံး local content ၃၀ ရာခိုင်နှုန်းနဲ့ ဖန်တီးထားရမှာ ဖြစ်ပါတယ်။ တပ်ဆင်မှု၊ ထုပ်ပိုးမှု၊ ဒီဇိုင်း၊ ဆော့ဖ်ဝဲနဲ့ R&D ရင်းနှီးမြှုပ်နှံမှုတွေက ရာခိုင်နှုန်းတွက်ချက်မှုထဲမှာ ပါဝင်ပါတယ်။

ဥပမာအနေနဲ့ Apple ဟာ ဒေါ်လာ ၄၄ သန်းတန် R&D ရင်းနှီးမှုပြုလုပ်ခဲ့ပြီးတဲ့နောက် အင်ဒိုနီးရှားမှာ iPhone ရောင်းချခွင့် ဆက်လက်ရရှိခဲ့ပါတယ်။

Xiaomi ဟာ အင်ဒိုနီးရှားမှာ 4G စမတ်ဖုန်းရောင်းချဖို့အတွက် လိုအပ်တဲ့အပြောင်းအလဲတွေ ပြုလုပ်ဖို့ တုံ့ဆိုင်းခဲ့ပြီး ၂၀၁၅ ခုနှစ်က အထင်ကရ စမတ်ဖုန်းမော်ဒယ်တစ်မျိုး ဖြန့်ချိမှုကိုလည်း ရွှေ့ဆိုင်းခဲ့ရပါတယ်။

ကမ္ဘာတစ်ဝန်းမှာ ရောင်းအားကျဆင်းခဲ့တဲ့ Xiaomi ဟာ အိန္ဒိယမှာတော့ အောင်မြင်အချို့ရရှိခဲ့ပြီး ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းဈေးကွက်ထဲကတစ်ခုဖြစ်တဲ့ အင်ဒိုနီးရှားမှာလည်း အဓိကပလေယာတစ်ခုအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ ရည်မှန်းထားပါတယ်။

Ref: TechInAsia