အင္တာနက္အျမန္ႏႈန္းမွာ ၿပိဳင္ဘက္ေတြထက္ ေနာက္က်က်န္ေနတဲ့ Apple

[ Zawgyi ]

ဖုန္းရဲ႕အရည္အေသြး၊ ဒီဇိုင္း၊ hardware feature ေတြနဲ႔ mobile operating system တို႔ကို ၾကည့္မယ္ဆိုရင္ iPhone က ကမၻာ့နံပါတ္တစ္ ျဖစ္ေပမယ့္ နံပါတ္တစ္ မဟုတ္တဲ့အရာတစ္ခု ရိွပါတယ္။ အဲ့ဒါကေတာ့ အင္တာနက္အျမန္ႏႈန္းပါ။

အင္တာနက္အျမန္ႏႈန္းစစ္ေဆးတဲ့ Speedtest app နဲ႔ website တို႔ကို ဖန္တီးတဲ့ Ookla ရဲ႕ download speed စမ္းသပ္မႈေတြအရ လက္ရိွမ်ိဳးဆက္ iPhone ေတြဟာ Samsung နဲ႔ Google တို႔ရဲ႕ ထိပ္တန္းစမတ္ဖုန္းေတြထက္ ေနာက္က်က်န္ရစ္ေနတာကို ေတြ႕ရပါတယ္။

အျမန္ႏႈန္းစမ္းသပ္မႈအခ်က္အလက္ေတြကို Bloomberg က သံုးသပ္ခဲ့ၿပီး Samsung ရဲ႕ Galaxy S9 ဟန္းဆက္က ပွ်မ္းမွ် download အျမန္ႏႈန္း 38.9 Mbps ရိွခဲ့ပါတယ္။ ဒါဟာ အေမရိကန္ရဲ႕ carrier အားလံုးေပၚက စမ္းသပ္မႈ ၁၀၂,၀၀၀ အေပၚမွာ အေျခခံထားတဲ့ ပွ်မ္းမွ်အျမန္ႏႈန္းျဖစ္ပါတယ္။ အရြယ္ပိုႀကီးတဲ့ Galaxy S9 ကေတာ့ အနည္းငယ္ေႏွးၿပီး ပွ်မ္းမွ်အျမန္ႏႈန္း 38.4 Mbps ရိွခဲ့ပါတယ္။ ဒါကိုေတာ့ သံုးစြဲသူ ၁၆၉,၀၀၀ ေပၚမွာ အေျခခံထားတာ ျဖစ္ပါတယ္။

Google Pixel 2 XL က အျမန္ႏႈန္း 33.9 Mbps ရိွခဲ့ၿပီး အရြယ္ငယ္တဲ့ Pixel 2 က 34.4 Mbps ရိွခဲ့ပါတယ္။ ေဒၚလာ ၁,၀၀၀ က်သင့္တဲ့ iPhone X ရဲ႕ ပွ်မ္းမွ်အျမန္ႏႈန္းက 29.7 Mbps ပဲရိွပါတယ္။ ဒါဟာ စမ္းသပ္မႈေပါင္း ၆၀၃,၀၀၀ အေပၚမွာ အေျခခံထားတာ ျဖစ္ပါတယ္။ iPhone 8 Plus နဲ႔ iPhone 8 ကေတာ့ အနည္းငယ္ပိုေႏွးၿပီး 29.4 Mbps နဲ႔ 28.6 Mbps အသီးသီးရိွတယ္လို႔ သိရပါတယ္။

Ref: CultofMac

[ Unicode ]

ဖုန်းရဲ့အရည်အသွေး၊ ဒီဇိုင်း၊ hardware feature တွေနဲ့ mobile operating system တို့ကို ကြည့်မယ်ဆိုရင် iPhone က ကမ္ဘာ့နံပါတ်တစ် ဖြစ်ပေမယ့် နံပါတ်တစ် မဟုတ်တဲ့အရာတစ်ခု ရှိပါတယ်။ အဲ့ဒါကတော့ အင်တာနက်အမြန်နှုန်းပါ။

အင်တာနက်အမြန်နှုန်းစစ်ဆေးတဲ့ Speedtest app နဲ့ website တို့ကို ဖန်တီးတဲ့ Ookla ရဲ့ download speed စမ်းသပ်မှုတွေအရ လက်ရှိမျိုးဆက် iPhone တွေဟာ Samsung နဲ့ Google တို့ရဲ့ ထိပ်တန်းစမတ်ဖုန်းတွေထက် နောက်ကျကျန်ရစ်နေတာကို တွေ့ရပါတယ်။

အမြန်နှုန်းစမ်းသပ်မှုအချက်အလက်တွေကို Bloomberg က သုံးသပ်ခဲ့ပြီး Samsung ရဲ့ Galaxy S9 ဟန်းဆက်က ပျှမ်းမျှ download အမြန်နှုန်း 38.9 Mbps ရှိခဲ့ပါတယ်။ ဒါဟာ အမေရိကန်ရဲ့ carrier အားလုံးပေါ်က စမ်းသပ်မှု ၁၀၂,၀၀၀ အပေါ်မှာ အခြေခံထားတဲ့ ပျှမ်းမျှအမြန်နှုန်းဖြစ်ပါတယ်။ အရွယ်ပိုကြီးတဲ့ Galaxy S9 ကတော့ အနည်းငယ်နှေးပြီး ပျှမ်းမျှအမြန်နှုန်း 38.4 Mbps ရှိခဲ့ပါတယ်။ ဒါကိုတော့ သုံးစွဲသူ ၁၆၉,၀၀၀ ပေါ်မှာ အခြေခံထားတာ ဖြစ်ပါတယ်။

Google Pixel 2 XL က အမြန်နှုန်း 33.9 Mbps ရှိခဲ့ပြီး အရွယ်ငယ်တဲ့ Pixel 2 က 34.4 Mbps ရှိခဲ့ပါတယ်။ ဒေါ်လာ ၁,၀၀၀ ကျသင့်တဲ့ iPhone X ရဲ့ ပျှမ်းမျှအမြန်နှုန်းက 29.7 Mbps ပဲရှိပါတယ်။ ဒါဟာ စမ်းသပ်မှုပေါင်း ၆၀၃,၀၀၀ အပေါ်မှာ အခြေခံထားတာ ဖြစ်ပါတယ်။ iPhone 8 Plus နဲ့ iPhone 8 ကတော့ အနည်းငယ်ပိုနှေးပြီး 29.4 Mbps နဲ့ 28.6 Mbps အသီးသီးရှိတယ်လို့ သိရပါတယ်။

Ref: CultofMac