အင်တာနက်အသုံးပြု ဘဏ်လုပ်ငန်း ဝန်ထမ်းခေါ်ယူမှု မြင့်တက်လာ

မြန်မာနိုင်ငံ အလုပ်အကိုင်ရှာဖွေရေး Web Portal တစ်ခုဖြစ်တဲ့ jobNet.com.mm ရဲ့စစ်တမ်းတွေအရ အင်တာနက်အသုံးပြုပြီး အလုပ်အကိုင်ခေါ်ယူမှုတွေမှာ ဘဏ်လုပ်ငန်းဆိုင်ရာ ၊ ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာနဲ့ စာရင်းကိုင် ပရော်ဖက်ရှင်နယ် ဝန်ထမ်းလိုအပ်ချက်ဟာ ၆ လ အတွင်းမှာ ၃၀ ရာခိုင်နှုန်းထိ ဆက်တိုက်မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ဘဏ်လုပ်ငန်းဆိုင်ရာစနစ်တွေ တိုးတက်လာတာကြောင့် banking and Finance ပိုင်းမှာ အလုပ်အကိုင်ခေါ်ယူခန့်ထားလိုမှုတွေ များပြားလာခဲ့သလို အင်တာနက်မှတစ်ဆင့် အလုပ်အကိုင်ရှာဖွေသူတွေထဲမှာလည်း ဘဏ်လုပ်ငန်း ၊ငွေရေးကြေးရေး စီမံခန့်ခွဲမှုလုပ်ငန်းတွေမှာ အလုပ်အကိုင်ရှာဖွေမှု ထိပ်ဆုံးကို ရောက်လာနေပြီလို့ မြန် မာနိုင်ငံရဲ့ ငွေကြေးဆိုင်ရာ ပရော်ဖက်ရှင်နယ် ဝန်ထမ်းတွေ လိုအပ်နေမှုကိုဖည့်ဆည်းပေးနိုင်ဖို့ရည်ရွယ်ပြီး စက်တင်ဘာ ၂၄ ရက် က ဆီဒိုးနားဟိုတယ်မှာ ကျင်းပခဲ့တဲ့ jobNet Banking and Finance Career Conference 2017ပွဲ မှာ jobNet က Vice President of Sales, မဇင်မာကပြောကြားခဲ့ပါတယ်။

ဒီပွဲမှာမြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ဘဏ်လုပ်ငန်းဆိုင်ရာစနစ်တွေနဲ့ အလုပ်အကိုင်တွေ ယခုထက်ပိုပြီးဖွံ့ဖြိုးတိုးတက်လာစေဖို့နဲ့ လက်ရှိကြုံတွေ့နေရတဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ရည်ရွယ်ပြီး ဟောပြာပွဲတွေနဲ့အတူ ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ထမ်းတွေကို ပြည်တွင်းပုဂ္ဂလိက ဘဏ်တွေက အလုပ်ခေါ်ယူခဲ့တာဖြစ်ပါတယ်။

-ကောင်းမြတ်ထွန်း