အင္တာနက္မွ႐ုပ္ရွင္မ်ား အကန္႔အသတ္မရွိ ၾကည့္ရႈႏိုင္ရန္ IFLIX ႏွင့္ Telenor တို႔ပူးေပါင္း

[ Zawgyi ]

Telenor Myanmar Broadband ရဲ႕ ျမန္ႏႈန္း 5mbps, 10 mbps နဲ႔ 15mbps အစီအစဥ္ကိုအသံုးျပဳေနသူမ်ား အေနနဲ႔ iflix မွ ေထာင္ေပါင္းမ်ားစြာေသာ တီဗီရိႈးမ်ား၊ ႐ုပ္ရွင္မ်ားကို အကန္႔အသတ္မရွိ ၾကည့္ရႈႏိုင္မယ္လို႔ iflix ရဲ႕ သတင္းထုတ္ျပန္ခ်က္အရ သိရပါတယ္။

iflix ရဲ႕ အင္ဒုိခ်ိဳင္းနား အေထြေထြမန္ေနဂ်ာျဖစ္သူ Adeana Greenlee က “ ကြ်န္မတို႔အေနနဲ႔ ျမန္မာႏိုင္ငံရဲ႕ ဦးေဆာင္မိုဘိုင္း ေအာ္ပေရတာတစ္ခုျဖစ္တဲ့ Telenor နဲ႔ ပူးေပါင္းမႈကိုျမွင့္တင္ရတဲ့အတြက္ အရမ္းကိုဝမ္းသာ ပါတယ္။ ဒီလိုပူးေပါင္းလိုက္တဲ့အတြက္ Telenor broadband အသံုးျပဳသူေတြဟာ သူတို႔ ႀကိဳက္တဲ့ ႐ုပ္ရွင္ဇာတ္လမ္းတြဲေတြကို ေနရာမေရြး၊ အခ်ိန္မေရြး ၾကည့္႐ႈႏိုင္မွာ ျဖစ္ပါတယ္။ iflix ဟာဆိုရင္ ျပည္တြင္းက ပရိသတ္ေတြကို အရမ္းအေလးထားပါတယ္။ ဒီမွာရွိတဲ့ ကြ်န္မတို႔ရဲ႕ဝန္ေဆာင္မႈဟာဆိုရင္ ျမန္မာျပည္က ပရိသတ္ေတြအတြက္ အထူးရည္ရြယ္ျပဳလုပ္ထားတာ ျဖစ္ပါတယ္။ ႐ုပ္ရွင္ ဗီဒီယိုမ်ား ေရြးခ်ယ္ဝယ္ယူျပသမႈမွ အစ ေစ်းကြက္ခ်ဲ႕ထြင္ေရးအထိ ကြ်န္ေတာ္တို႔လုပ္သမွ် အရာရာမွာ ပရိသတ္ကိုဗဟိုျပဳလုပ္ေဆာင္ပါတယ္” လုိ႔ ဆိုပါတယ္။

ေမလမွ စတင္ၿပီး Telenor broadband ရဲ႕ 5mbps, 10 mbps and 15mbps အျမန္ႏႈန္းအစီအစဥ္ အသံုးျပဳသူေတြ အေနနဲ႔ iflix ရွိ ႐ုပ္ရွင္ဗီဒီယိုမ်ားနဲ႔ အထူးလုပ္ေဆာင္ခ်က္ေတြကို အခေၾကးေငြ ထပ္မံေပးသြင္းရန္ မလိုဘဲ လစဥ္ၾကည့္ရႈခြင့္ကို ရယူႏိုင္မွာျဖစ္ၿပီး အဆိုပါ အစီအစဥ္မ်ားကို သံုးစြဲေနတဲ့ကာလပတ္ အတိုင္း iflix အား အခမဲ့ဝင္ေရာက္ၾကည့္ရႈခြင့္ကို ဆက္လက္ရရွိေနမယ္လို႔ သိရပါတယ္။

Telenor Myanmar ရဲ႕ Head of Fixed Broadband and Wholesale Telenor Myanmar ျဖစ္သူ Tan Sian Tuang က “အင္တာနက္သံုးစြဲမႈအားက ျမန္မာျပည္မွာျမင့္တက္ေနပါတယ္၊ အထူးသျဖင့္ ၿမိဳ႕ႀကီးေတြ မွာရွိတဲ့ျပည္သူေတြဟာဆိုရင္ ပညာေရး၊ ေဖ်ာ္ေျဖေရးနဲ႔ပတ္သက္တာေတြကို အင္တာနက္ကေနတစ္ဆင့္ ပိုမိုၾကည့္ရႈလာၾကပါတယ္။ လက္ရွိ ရန္ကုန္နဲ႔ေတာင္ႀကီးမွာ ရရွိေနၿပီျဖစ္တဲ့ ကြ်န္ေတာ္တို႔ရဲ႕ Telenor broadband ဝန္ေဆာင္မႈကိုအသံုးျပဳသူေတြဟာ တည္ၿငိမ္တဲ့ဝန္ေဆာင္မႈကို ေဒတာကုန္မွာကို စိုးရိမ္စရာ မလိုဘဲ အသံုးျပဳႏိုင္ၿပီျဖစ္ပါတယ္။ ကြ်န္ေတာ္တို႔ Telenor အသံုးျပဳသူေတြရဲ႕ ဒီဂ်စ္တယ္စနစ္ အသံုးျပဳမႈ အဆင့္အတန္းကိုျမွင့္တင္ေပးျခင္းက ကြ်န္ေတာ့္တို႔ျမန္မာျပည္မွာ အဓိကထား လုပ္ေဆာင္ေနတဲ့ အစိတ္အပိုင္းတစ္ခု ျဖစ္ပါတယ္။ iflix နဲ႔ပူးေပါင္းမႈဟာဆိုရင္ ကြ်န္ေတာ္တို႔ Telenor အသံုးျပဳေတြ ႀကိဳက္ႏွစ္သက္တဲ့ ဒီဂ်စ္တယ္ေဖ်ာ္ေျဖေရး ဝန္ေဆာင္မႈကိုေပးအပ္ဖို႔ လုပ္ေဆာင္ရာမွာ အေထာက္အပံ့လည္း ျဖစ္ေစပါတယ္” လို႔ ေျပာပါတယ္။

iflix ရဲ႕ ထိပ္တန္း အထူးရိႈးမ်ား၊ ဆုရ ဇာတ္လမ္းတြဲမ်ား ဝက္ဝက္ကြဲေအာင္ျမင္ခဲ့သည့္႐ုပ္ရွင္မ်ား၊ ေရပန္းစားျပည္တြင္း ဇာတ္လမ္းတြဲမ်ားျဖစ္တဲ့ ပန္းႏွစ္ပြင့္စီးခ်င္း၊ ၾကမၼာႏြံ၊ မဂၤလာရွိတဲ့အရပ္နဲ႔ ေဒသတြင္း ႐ုပ္ရွင္ဇတ္လမ္းမ်ား၊ ကေလးမ်ားအတြက္ အစီအစဥ္မ်ားကို ေဇာ္ဂ်ီနဲ႔ ယူနီကုတ္ စာတန္းထိုးႏွစ္မ်ိဳးစလံုးနဲ႔ ဝင္ေရာက္ၾကည့္ရႈႏိုင္မွာ ျဖစ္ပါတယ္။

-ရဲထြဋ္ဝင္း

[ Unicode ]

Telenor Myanmar Broadband ရဲ့ မြန်နှုန်း 5mbps, 10 mbps နဲ့ 15mbps အစီအစဉ်ကိုအသုံးပြုနေသူများ အနေနဲ့ iflix မှ ထောင်ပေါင်းများစွာသော တီဗီရှိုးများ၊ ရုပ်ရှင်များကို အကန့်အသတ်မရှိ ကြည့်ရှုနိုင်မယ်လို့ iflix ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

iflix ရဲ့ အင်ဒိုချိုင်းနား အထွေထွေမန်နေဂျာဖြစ်သူ Adeana Greenlee က “ ကျွန်မတို့အနေနဲ့ မြန်မာနိုင်ငံရဲ့ ဦးဆောင်မိုဘိုင်း အော်ပရေတာတစ်ခုဖြစ်တဲ့ Telenor နဲ့ ပူးပေါင်းမှုကိုမြှင့်တင်ရတဲ့အတွက် အရမ်းကိုဝမ်းသာ ပါတယ်။ ဒီလိုပူးပေါင်းလိုက်တဲ့အတွက် Telenor broadband အသုံးပြုသူတွေဟာ သူတို့ ကြိုက်တဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲတွေကို နေရာမရွေး၊ အချိန်မရွေး ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ iflix ဟာဆိုရင် ပြည်တွင်းက ပရိသတ်တွေကို အရမ်းအလေးထားပါတယ်။ ဒီမှာရှိတဲ့ ကျွန်မတို့ရဲ့ဝန်ဆောင်မှုဟာဆိုရင် မြန်မာပြည်က ပရိသတ်တွေအတွက် အထူးရည်ရွယ်ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ရုပ်ရှင် ဗီဒီယိုများ ရွေးချယ်ဝယ်ယူပြသမှုမှ အစ စျေးကွက်ချဲ့ထွင်ရေးအထိ ကျွန်တော်တို့လုပ်သမျှ အရာရာမှာ ပရိသတ်ကိုဗဟိုပြုလုပ်ဆောင်ပါတယ်” လို့ ဆိုပါတယ်။

မေလမှ စတင်ပြီး Telenor broadband ရဲ့ 5mbps, 10 mbps and 15mbps အမြန်နှုန်းအစီအစဉ် အသုံးပြုသူတွေ အနေနဲ့ iflix ရှိ ရုပ်ရှင်ဗီဒီယိုများနဲ့ အထူးလုပ်ဆောင်ချက်တွေကို အခကြေးငွေ ထပ်မံပေးသွင်းရန် မလိုဘဲ လစဉ်ကြည့်ရှုခွင့်ကို ရယူနိုင်မှာဖြစ်ပြီး အဆိုပါ အစီအစဉ်များကို သုံးစွဲနေတဲ့ကာလပတ် အတိုင်း iflix အား အခမဲ့ဝင်ရောက်ကြည့်ရှုခွင့်ကို ဆက်လက်ရရှိနေမယ်လို့ သိရပါတယ်။

Telenor Myanmar ရဲ့ Head of Fixed Broadband and Wholesale Telenor Myanmar ဖြစ်သူ Tan Sian Tuang က “အင်တာနက်သုံးစွဲမှုအားက မြန်မာပြည်မှာမြင့်တက်နေပါတယ်၊ အထူးသဖြင့် မြို့ကြီးတွေ မှာရှိတဲ့ပြည်သူတွေဟာဆိုရင် ပညာရေး၊ ဖျော်ဖြေရေးနဲ့ပတ်သက်တာတွေကို အင်တာနက်ကနေတစ်ဆင့် ပိုမိုကြည့်ရှုလာကြပါတယ်။ လက်ရှိ ရန်ကုန်နဲ့တောင်ကြီးမှာ ရရှိနေပြီဖြစ်တဲ့ ကျွန်တော်တို့ရဲ့ Telenor broadband ဝန်ဆောင်မှုကိုအသုံးပြုသူတွေဟာ တည်ငြိမ်တဲ့ဝန်ဆောင်မှုကို ဒေတာကုန်မှာကို စိုးရိမ်စရာ မလိုဘဲ အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ ကျွန်တော်တို့ Telenor အသုံးပြုသူတွေရဲ့ ဒီဂျစ်တယ်စနစ် အသုံးပြုမှု အဆင့်အတန်းကိုမြှင့်တင်ပေးခြင်းက ကျွန်တော့်တို့မြန်မာပြည်မှာ အဓိကထား လုပ်ဆောင်နေတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ iflix နဲ့ပူးပေါင်းမှုဟာဆိုရင် ကျွန်တော်တို့ Telenor အသုံးပြုတွေ ကြိုက်နှစ်သက်တဲ့ ဒီဂျစ်တယ်ဖျော်ဖြေရေး ဝန်ဆောင်မှုကိုပေးအပ်ဖို့ လုပ်ဆောင်ရာမှာ အထောက်အပံ့လည်း ဖြစ်စေပါတယ်” လို့ ပြောပါတယ်။

iflix ရဲ့ ထိပ်တန်း အထူးရှိုးများ၊ ဆုရ ဇာတ်လမ်းတွဲများ ဝက်ဝက်ကွဲအောင်မြင်ခဲ့သည့်ရုပ်ရှင်များ၊ ရေပန်းစားပြည်တွင်း ဇာတ်လမ်းတွဲများဖြစ်တဲ့ ပန်းနှစ်ပွင့်စီးချင်း၊ ကြမ္မာနွံ၊ မင်္ဂလာရှိတဲ့အရပ်နဲ့ ဒေသတွင်း ရုပ်ရှင်ဇတ်လမ်းများ၊ ကလေးများအတွက် အစီအစဉ်များကို ဇော်ဂျီနဲ့ ယူနီကုတ် စာတန်းထိုးနှစ်မျိုးစလုံးနဲ့ ဝင်ရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း