[ Zawgyi ]
စိုးထက်
Ref: GSMArena
[ Unicode ]
Oppo ဟာ အင်တာနက်နဲ့ ဆယ်လူလာကွန်ရက် မလိုဘဲ ဆက်သွယ်နိုင်မယ့် နည်းလမ်းတစ်ရပ်ကို မိတ်ဆက်ခဲ့ပါတယ်။ အဲဒီစနစ်အမည်က MeshTalk ဖြစ်ပြီး ၃ ကီလိုမီတာ အကွာအဝေးအတွင်း အချက်အလက်တွေကို ပေးပို့ဆက်သွယ်နိုင်ပါတယ်။
Oppo ရဲ့ MeshTalk ဟာ mesh ကွန်ရက်ဖြစ်ပြီး အနီးအနားက ထုတ်ကုန်တွေဆီ message ပေးပို့နိုင်ပါတယ်။ MeshTalk မှာ အဝေးကနေ ဆက်သွယ်နိုင်အောင် sensitvity အဆင့်မြှင့်တင်မှုနဲ့ ချစ်ပ်တစ်ခုလည်း ပါဝင်လာပါတယ်။ အခုစနစ်ဟာ bandwidth စနစ် နည်းပါးပြီး message ပေးပို့မှုတင်မကဘဲ ဖုန်းခေါ်ဆိုမှုလည်း ပြုလုပ်နိုင်ပါတယ်။
ဒါ့အပြင် စွမ်းအင်သုံးစွဲမှုလည်း နည်းပါးပြီး Oppo အနေနဲ့ MeshTalk အသုံးပြုပြီး ရ၂ နာရီ အသုံးပြုနိုင်တဲ့ ဖုန်းတွေကို တည်ဆောက်လိုပါတယ်။ Oppo ရဲ့ MeshTalk ဟာ အရေးပေါ်အခြေအနေအတွက် အသုံးဝင်ပြီး ဆက်သွယ်ရေးကုမ္ပဏီတွေအပေါ် မှီခိုနေရမှုကို လျှော့ချပေးလာနိုင်ပါတယ်။
Ref: GSMArena