အင္တာနက္ဒ႐ုန္းမ်ား တည္ေဆာက္မႈကို Facebook ရပ္ဆိုင္း

Facebook ဟာ ကမၻာတစ္ဝန္းထံ အင္တာနက္ ထုတ္လႊင့္ေပးႏိုင္မယ့္ အရြယ္ႀကီးမားတဲ့ high-altitude ဒ႐ုန္းေတြ တည္ေဆာက္မယ့္ အစီအစဥ္ကို စြန္႔လႊတ္လိုက္ပါတယ္။

Facebook ရဲ႕ အစီအစဥ္ဟာ Aquila လို႔ေခၚတဲ့ ဒ႐ုန္းတစ္ခုကိုသံုးၿပီး high-frequency ေရဒီယိုလိႈင္းေတြကေနတစ္ဆင့္ ကမၻာတစ္ဝန္းမွာရိွတဲ့ ေဝးလံေခါင္ဖ်ားတဲ့ ေဒသေတြမွာ အင္တာနက္ခ်ိတ္ဆက္မႈေတြကို ထုတ္လႊင့္သြားဖို႔ ျဖစ္ပါတယ္။ ဒီဒ႐ုန္းဟာ သမား႐ိုးက် အေျခခံအေဆာက္အအံုမလိုဘဲ ေဝးလံေခါင္ဖ်ားတဲ့ေဒသေတြမွာ broadband ျဖန္႔ၾကက္မႈကို တိုးျမွင့္ေဆာင္ရြက္မယ့္ ကုမၸဏီရဲ႕ႀကိဳးပမ္းအားထုတ္မႈေတြထဲက တစ္စိတ္တစ္ပိုင္းျဖစ္ခဲ့ပါတယ္။

“အခုအခ်ိန္ဟာ HAPS (high-altitude platform) ခ်ိတ္ဆက္မႈအတြက္ အာ႐ံုစိုက္လုပ္ေဆာင္ရမယ့္ သင့္ေတာ္တဲ့အခ်ိန္ မဟုတ္ဘူးလို႔ ဆံုးျဖတ္ခဲ့ပါတယ္။ ဒါေၾကာင့္ ကိုယ္ပိုင္ဒ႐ုန္း ဖန္တီးတည္ေဆာက္မႈကို ဆက္လုပ္ေတာ့မွာမဟုတ္ပါဘူး။ အဲ့ဒီအတြက္ ဘရစ္ခ်္ဝါးတားက စက္႐ံုကို ပိတ္သိမ္းသြားပါမယ္” လို႔ Facebook ရဲ႕ enginnering ဒါ႐ိုက္တာ Yael Maguire က ေျပာၾကားခဲ့ပါတယ္။

တစ္ႀကိမ္လွ်င္ အျမင့္ေပ ၆၀,၀၀၀ ေက်ာ္မွာ ရက္ ၉၀ ၾကာ ပ်ံသိန္းနိုင္ဖို႔ ရည္ရြယ္ဖန္တီးထားတဲ့ Aquila ဒ႐ုန္းဟာ ကမၻာတစ္ဝန္းမွာ အင္တာနက္ မသံုးႏိုင္ေသးတဲ့ လူ ၃.၈ ဘီလ်ံထံ အင္တာနက္သံုးႏိုင္ေအာင္ ႀကိဳးပမ္းေနတဲ့ Facebook ရဲ႕ႀကိဳးပမ္းအားထုတ္မႈေတြထဲက တစ္စိတ္တစ္ပိုင္းျဖစ္ပါတယ္။

အခုလို ကိုယ္ပိုင္ အင္တာနက္ဒ႐ုန္း တည္ေဆာက္မႈအစီအစဥ္ေတြကို စြန္႔လႊတ္လိုက္ေပမယ့္လည္း Airbus လို partner ေတြနဲ႔ လက္တြဲၿပီး HAPS ခ်ိတ္ဆက္မႈနည္းပညာေတြကို ဆက္လက္ေဆာင္ရြက္သြားမယ္လို႔ ကုမၸဏီက ေျပာၾကားခဲ့ပါတယ္။

-ေနာင္ေနာင္
Ref: CNET

[ Unicode ]

Facebook ဟာ ကမ္ဘာတစ်ဝန်းထံ အင်တာနက် ထုတ်လွှင့်ပေးနိုင်မယ့် အရွယ်ကြီးမားတဲ့ high-altitude ဒရုန်းတွေ တည်ဆောက်မယ့် အစီအစဉ်ကို စွန့်လွှတ်လိုက်ပါတယ်။

Facebook ရဲ့ အစီအစဉ်ဟာ Aquila လို့ခေါ်တဲ့ ဒရုန်းတစ်ခုကိုသုံးပြီး high-frequency ရေဒီယိုလှိုင်းတွေကနေတစ်ဆင့် ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ဝေးလံခေါင်ဖျားတဲ့ ဒေသတွေမှာ အင်တာနက်ချိတ်ဆက်မှုတွေကို ထုတ်လွှင့်သွားဖို့ ဖြစ်ပါတယ်။ ဒီဒရုန်းဟာ သမားရိုးကျ အခြေခံအဆောက်အအုံမလိုဘဲ ဝေးလံခေါင်ဖျားတဲ့ဒေသတွေမှာ broadband ဖြန့်ကြက်မှုကို တိုးမြှင့်ဆောင်ရွက်မယ့် ကုမ္ပဏီရဲ့ကြိုးပမ်းအားထုတ်မှုတွေထဲက တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့ပါတယ်။

“အခုအချိန်ဟာ HAPS (high-altitude platform) ချိတ်ဆက်မှုအတွက် အာရုံစိုက်လုပ်ဆောင်ရမယ့် သင့်တော်တဲ့အချိန် မဟုတ်ဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကြောင့် ကိုယ်ပိုင်ဒရုန်း ဖန်တီးတည်ဆောက်မှုကို ဆက်လုပ်တော့မှာမဟုတ်ပါဘူး။ အဲ့ဒီအတွက် ဘရစ်ချ်ဝါးတားက စက်ရုံကို ပိတ်သိမ်းသွားပါမယ်” လို့ Facebook ရဲ့ enginnering ဒါရိုက်တာ Yael Maguire က ပြောကြားခဲ့ပါတယ်။

တစ်ကြိမ်လျှင် အမြင့်ပေ ၆၀,၀၀၀ ကျော်မှာ ရက် ၉၀ ကြာ ပျံသိန်းနိုင်ဖို့ ရည်ရွယ်ဖန်တီးထားတဲ့ Aquila ဒရုန်းဟာ ကမ္ဘာတစ်ဝန်းမှာ အင်တာနက် မသုံးနိုင်သေးတဲ့ လူ ၃.၈ ဘီလျံထံ အင်တာနက်သုံးနိုင်အောင် ကြိုးပမ်းနေတဲ့ Facebook ရဲ့ကြိုးပမ်းအားထုတ်မှုတွေထဲက တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။

အခုလို ကိုယ်ပိုင် အင်တာနက်ဒရုန်း တည်ဆောက်မှုအစီအစဉ်တွေကို စွန့်လွှတ်လိုက်ပေမယ့်လည်း Airbus လို partner တွေနဲ့ လက်တွဲပြီး HAPS ချိတ်ဆက်မှုနည်းပညာတွေကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။

-နောင်နောင်
Ref: CNET