အဂၤလိပ္ပရီးမီးယားလိဂ္ပြဲစဥ္မ်ားကို တိုက္႐ိုက္ၾကည့္႐ႈႏိုင္မည့္ အစီအစဥ္ MPT ျပဳလုပ္မည္

[ Zawgyi ]

ျမန္မာႏုိင္ငံရွိ ေဘာလံုးခ်စ္သူ ပရိသတ္ေတြအတြက္ အဂၤလိပ္ပရီးမီးယားလိဂ္ပြဲစဥ္ေတြကို္ မိုဘိုင္းဖုန္းေပၚမွ တိုက္႐ိုက္ ၾကည့္႐ႈခံစားႏုိင္ေစရန္အတြက္ MPT နဲ႔ SkyNet အတူပူးေပါင္းေဆာင္ရြက္ လုပ္ေဆာင္သြားမယ္လို႔ သိရပါတယ္။

“MPT အေနနဲ႔ မိမိတို႔တန္ဖိုးထားရတဲ့ သံုးစြဲသူေတြကို ဆန္းသစ္တီထြင္မႈရွိၿပီး ပိုမိုေကာင္းမြန္တဲ့ ဝန္ေဆာင္မႈေတြကို ေပးစြမ္းႏိုင္ဖို႔ အၿမဲႀကိဳးစားေနပါတယ္။ ေဘာလံုးအားကစားဟာ ကၽြန္ေတာ္တို႔ MPT သံုးစြဲသူေတြရဲ႕ ဘဝမွာ အေရးပါတဲ့ အစိတ္အပိုင္းတစ္ခု ျဖစ္တယ္။ ဒါေၾကာင့္လည္း ကၽြန္ေတာ္တို႔ဟာ ျမန္မာႏုိင္ငံတစ္ဝွမ္းက အဂၤလိပ္ပရီးမီးယားလိဂ္ ပရိသတ္ေတြရဲ႕ လုိအင္ဆႏၵကုိ ျဖည့္ဆည္းႏုိင္ဖို႔ အခုလို SkyNet နဲ႔အတူ ပူးေပါင္းေဆာင္ရြက္ခဲ့တာျဖစ္ပါတယ္။ ဒီပြဲစဥ္ေတြရဲ႕ စိတ္လႈပ္ရွားအံ့ၾသဖြယ္ရာ ခံစားမႈေတြကို ကၽြန္ေတာ္တုိ႔ MPT သံုးစြဲသူေတြကို မၾကာခင္မွာ ေဝမွ်ေပးႏုိင္ေတာ့မယ္လုိ႔ ယံုၾကည္ပါတယ္” လို႔ MPT-KSGM Joint Operations ရဲ႕ စီးပြားေရးဌာနႀကီးမွ အရာရွိခ်ဳပ္ျဖစ္သူ Mr.Reizo Umeda က ေျပာပါတယ္။

“SkyNet ကေန တိုက္ရိုက္ထုတ္လႊင့္ျပသမယ့္ အဂၤလိပ္ပရီးမီးယားလိဂ္ပြဲစဥ္ ၂၀၁၉-၂၀၂၀ ရာသီသစ္အတြက္ MPT က Telecom Partner အျဖစ္ ပါဝင္လာတာကုိ ကၽြန္ေတာ္တို႔ SkyNet အေနနဲ႔ ဂုဏ္ယူဝမ္းေျမာက္စြာ ႀကိဳဆိုလိုက္ရပါတယ္။ SkyNet က ျမန္မာႏုိင္ငံမွာ အဂၤလိပ္ပရီးမီးယားလိဂ္ပြဲစဥ္ေတြအားလံုး တုိက္ရိုက္ျပသခြင့္ရွိတဲ့ ႐ုပ္သံလိုင္းတစ္ခု ျဖစ္ပါတယ္။ ကၽြန္ေတာ္တို႔ကလည္း စိတ္ဝင္စားစရာေကာင္းတဲ့ ဒီလိုၿပိဳင္ပြဲေတြအတြက္ MPT နဲ႔အတူ စိတ္အားထက္သန္ေနပါတယ္။ ဒါေၾကာင့္ပဲ ကၽြန္ေတာ္တုိ႔က ျမန္မာႏုိင္ငံရဲ႕ဦးေဆာင္ဆက္သြယ္ေရး ေအာ္ပေရတာနဲ႔အတူ ပူးေပါင္းေဆာင္ရြက္ဖို႔ ဆံုးျဖတ္ခဲ့တာပါ။ ကၽြန္ေတာ္တုိ႔ရဲ႕ ပူးေပါင္းအားထုတ္မႈကို ျမန္မာႏိုင္ငံက ေဘာလံုးခ်စ္သူ ပရိသတ္ေတြက အသိအမွတ္ျပဳႀကိဳဆိုမယ္လုိ႔ ယံုၾကည္ပါတယ္”လို႔ ေရႊသံလြင္မီဒီယာကုမၸဏီလီမိတက္၏ မန္ေနးဂ်င္းဒါရိုက္တာ ျဖစ္သူ ဦးမင္းမင္းက ေျပာပါတယ္။

ဝန္ေဆာင္မႈနဲ႔ ပတ္သက္တဲ့ အေသးစိတ္အခ်က္အလက္ေတြကို မၾကာမီ ထုတ္ျပန္ေၾကညာသြားမယ္လို႔ သိရပါတယ္။

-ေအာင္သူ

[ Unicode ]

မြန်မာနိုင်ငံရှိ ဘောလုံးချစ်သူ ပရိသတ်တွေအတွက် အင်္ဂလိပ်ပရီးမီးယားလိဂ်ပွဲစဉ်တွေကို် မိုဘိုင်းဖုန်းပေါ်မှ တိုက်ရိုက် ကြည့်ရှုခံစားနိုင်စေရန်အတွက် MPT နဲ့ SkyNet အတူပူးပေါင်းဆောင်ရွက် လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

“MPT အနေနဲ့ မိမိတို့တန်ဖိုးထားရတဲ့ သုံးစွဲသူတွေကို ဆန်းသစ်တီထွင်မှုရှိပြီး ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေကို ပေးစွမ်းနိုင်ဖို့ အမြဲကြိုးစားနေပါတယ်။ ဘောလုံးအားကစားဟာ ကျွန်တော်တို့ MPT သုံးစွဲသူတွေရဲ့ ဘဝမှာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ဟာ မြန်မာနိုင်ငံတစ်ဝှမ်းက အင်္ဂလိပ်ပရီးမီးယားလိဂ် ပရိသတ်တွေရဲ့ လိုအင်ဆန္ဒကို ဖြည့်ဆည်းနိုင်ဖို့ အခုလို SkyNet နဲ့အတူ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ဒီပွဲစဉ်တွေရဲ့ စိတ်လှုပ်ရှားအံ့သြဖွယ်ရာ ခံစားမှုတွေကို ကျွန်တော်တို့ MPT သုံးစွဲသူတွေကို မကြာခင်မှာ ဝေမျှပေးနိုင်တော့မယ်လို့ ယုံကြည်ပါတယ်” လို့ MPT-KSGM Joint Operations ရဲ့ စီးပွားရေးဌာနကြီးမှ အရာရှိချုပ်ဖြစ်သူ Mr.Reizo Umeda က ပြောပါတယ်။

“SkyNet ကနေ တိုက်ရိုက်ထုတ်လွှင့်ပြသမယ့် အင်္ဂလိပ်ပရီးမီးယားလိဂ်ပွဲစဉ် ၂၀၁၉-၂၀၂၀ ရာသီသစ်အတွက် MPT က Telecom Partner အဖြစ် ပါဝင်လာတာကို ကျွန်တော်တို့ SkyNet အနေနဲ့ ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုလိုက်ရပါတယ်။ SkyNet က မြန်မာနိုင်ငံမှာ အင်္ဂလိပ်ပရီးမီးယားလိဂ်ပွဲစဉ်တွေအားလုံး တိုက်ရိုက်ပြသခွင့်ရှိတဲ့ ရုပ်သံလိုင်းတစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ကလည်း စိတ်ဝင်စားစရာကောင်းတဲ့ ဒီလိုပြိုင်ပွဲတွေအတွက် MPT နဲ့အတူ စိတ်အားထက်သန်နေပါတယ်။ ဒါကြောင့်ပဲ ကျွန်တော်တို့က မြန်မာနိုင်ငံရဲ့ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာနဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ကျွန်တော်တို့ရဲ့ ပူးပေါင်းအားထုတ်မှုကို မြန်မာနိုင်ငံက ဘောလုံးချစ်သူ ပရိသတ်တွေက အသိအမှတ်ပြုကြိုဆိုမယ်လို့ ယုံကြည်ပါတယ်”လို့ ရွှေသံလွင်မီဒီယာကုမ္ပဏီလီမိတက်၏ မန်နေးဂျင်းဒါရိုက်တာ ဖြစ်သူ ဦးမင်းမင်းက ပြောပါတယ်။

ဝန်ဆောင်မှုနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို မကြာမီ ထုတ်ပြန်ကြေညာသွားမယ်လို့ သိရပါတယ်။