
[ Zawgyi ]




တက်ရောက်လာကြတဲ့ မိဘများနဲ့ ကျောင်းသားလူငယ်များရဲ့ သိလိုတာတွေကို မေးမြန်းခြင်းအစီအစဉ်လည်း ပါဝင်မှာဖြစ်ပြီး ဆွေးနွေးပွဲကို မည်သူမဆို အခမဲ့ တက်ရောက်နိုင်ပါတယ်။ လူဦးရေကန့်သတ်ထားတဲ့အတွက် ဖုန်း – ၀၉ ၇၈၉ ၈၈၈ ၂၂၂၊ ၀၉ ၄၂ ၉၉၉ ၁၀၀၉ သို့ ဆက်သွယ် စာရင်းပေးသွင်း တက်ရောက်နိုင်ပါတယ်။

-သန္တာ

[ Unicode ]

တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူ ကျောင်းသားလူငယ်တွေ အတွက် အင်္ဂလန်နိုင်ငံရှိ တက္ကသိုလ်ပညာရေး အကြောင်း အကြံပြုဆွေးနွေးပွဲကို GUSTO COLLEGE က ၂၀၁၈ခုနှစ်၊ ဇွန်လ ၂၄ ရက်၊ နေ့လယ် ၁ နာရီမှ ၃ နာရီအထိ ရန်ကုန်မြို့ NOVOTEL Yangon Max Hotel ရှိ Mandalay Room မှာကျင်းပမယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲမှာ အင်္ဂလန်နိုင်ငံရှိ University of Gloucestershire မှ တိုက်ရိုက်ချီးမြှင့်မယ့် BSc (Hons) Computing နဲ့ BA (Hons) Business အတွက် တက္ကသိုလ်ပညာရေးအကြောင်းကို GUSTO COLLEGE ရဲ့ Principal ဦးဝင်းထိန်ဝင်းက ရှင်းပြဆွေးနွေးပေးသွားမှာပါ။

ဒါ့အပြင် ပြည်တွင်း၊ ပြည်ပ တက္ကသိုလ်များရွေးချယ်တဲ့အခါမှာ ဘယ်လိုအချက်တွေကို စဉ်းစားပြီးရွေးချယ်သင့်သလဲ၊ ဘာသာရပ်များ ရွေးချယ်ရာမှာ အလုပ်အကိုင်အခွင့်အလမ်း အားသာချက်ရှိတဲ့ ဘယ်လိုဘာသာရပ်မျိုးကို ရွေးချယ်သင့်သလဲ၊ အချိန်တိုတိုနဲ့ အင်္ဂလန်နိုင်ငံက ပေးအပ်မယ့်ဘွဲ့အကြောင်းနဲ့ တက္ကသိုလ်ရွေးချယ်မယ့် ကျောင်းသားလူငယ်များ သိသင့်သိထိုက်တဲ့ အချက်တွေ၊ တက္ကသိုလ်ဝင်တန်းမပြီးဆုံးသေးသူများ အတွက်လည်း အင်္ဂလန်နိုင်ငံပညာရေးကို Level 3 Diploma (UK) မှတစ်ဆင့် ဘွဲ့ရသည့်အထိ တက်ရောက်နိုင်ကြောင်း စသည်ဖြင့် ဆွေးနွေးသွားမှာပဲဖြစ်ပါတယ်။

တက်ရောက်လာကြတဲ့ မိဘများနဲ့ ကျောင်းသားလူငယ်များရဲ့ သိလိုတာတွေကို မေးမြန်းခြင်းအစီအစဉ်လည်း ပါဝင်မှာဖြစ်ပြီး ဆွေးနွေးပွဲကို မည်သူမဆို အခမဲ့ တက်ရောက်နိိုင်ပါတယ်။ လူဦးရေကန့်သတ်ထားတဲ့အတွက် ဖုန်း – ၀၉ ရ၈၉ ၈၈၈ ၂၂၂၊ ၀၉ ၄၂ ၉၉၉ ၁၀၀၉ သို့ ဆက်သွယ် စာရင်းပေးသွင်း တက်ရောက်နိုင်ပါတယ်။

-သန္တာ