အင်္ဂလန်တက္ကသိုလ်များတွင် တိုက်ရိုက်ပညာသင်ကြားလိုသူများအတွက် တစ်ဦးချင်းပညာရေးဆွေးနွေးပွဲ ကျင်းပမည်

[ Zawgyi ]





-သန္တာ

[ Unicode ]

အင်္ဂလန်တက္ကသိုလ်တွေမှာ တိုက်ရိုက်ပညာသင်ကြားလိုသူတွေအတွက် တစ်ဦးချင်း ပညာရေးဆွေးနွေးပွဲကို သြဂုတ် ၃၁ ရက်၊ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီ အထိ AT&S (Overseas Education Services) အဆောင်-၅၊ အခန်း-၄၊ MICT park လှိုင်မြို့နယ်မှာ ကျင်းပသွားမှာဖြစ်ပါတယ်။

အင်္ဂလန်ထိပ်တန်းတက္ကသိုလ်များသို့ တက်ရာက်လိုတဲ့ ကျောင်းသား၊ ကျောင်းသူတွေ အတွက် ကျောင်းဝင်ခွင့်များ၊ ဘာသာရပ်နှင့် ကျောင်းရွေးချယ်မှုများ၊ ကျောင်းလခများ၊ ဗီဇာနှင့် ပညာသင်ဆု လျှောက်ထားနိုင်မည့် အခွင့်အလမ်းများကို အသေးစိတ် တစ်ဦးချင်းဆွေးနွေးပေးမှာဖြစ်သလို IGCSE ဖြေဆိုပြီးသူတွေအနေနဲ့ အင်္ဂလန်တက္ကသိုလ်များသို့ တက်ရောက်ရာမှာ IGCSE A Level နဲ့ University Foundation Program ကို မည်သို့ရွေးချယ်သင့်သည်နှင့် အင်္ဂလန်ဆေးတက္ကသိုလ်များသို့ တက်ရောက်နိုင်မယ့် ပညာရေးလမ်းကြောင်းတွေကို အသေးစိတ်လာရောက် ဆွေးနွေးနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

အခြေခံပညာအထက်တန်း အောင်မြင်ပြီးသူတွေ၊ IGCSE အောင်မြင်ထားသူတွေအနေနဲ့ တက်ရောက်နိုင်မယ့် University Foundation Program များ၊ HND Diploma အောင်မြင်ထားတဲ့ ကျောင်းသားများအတွက် ဘွဲ့ဒီဂရီတန်းသို့ တိုက်ရိုက် တက်ရောက်ပြီး Top up ရရှိနိုင်တဲ့ ကျောင်းများနဲ့ဘာသာရပ်များအကြောင်း၊ မဟာဘွဲ့တက်ရောက်လိုတဲ့ ကျောင်းသား၊ ကျောင်းသူများ အတွက် တက်ရောက်နိုင်မယ့် ပညာရေး လမ်းကြောင်းတွေကို သိရှိနိုင်မှာဖြစ်ပါတယ်။

ပွဲတက်ရောက်လိုသူတွေအနေနဲ့ AT&S (Overseas Education Services ) အဆောင်-၅၊ အခန်း-၄၊ MICT Park၊ လှိုင်မြို့နယ်၊ ဖုန်း- ၀၁- ၆၅၂၃၂၀၊ ၀၉-၅၀၆၂၁၆၁ ကို ကြိုတင်စာရင်းပေးသွင်းနိုင်ပါတယ်။