အခွန်ရှောင်မှုနဲ့ တရားစွဲခံရတဲ့ antivirus စွန့်ဦးတီထွင်လုပ်ငန်းရှင် ဂျွန်မက်ဖီး

Antivirus software စွန့်ဦးတီထွင်လုပ်ငန်းရှင် ဂျွန်မက်ဖီးဟာ cryptocurrency အားပေးမှု၊ အလုပ်အကိုင်အကြံပေး၊ ဟောပြောပွဲပြုလုပ်မှုနဲ့ မှတ်တမ်းဇာတ်ကားအတွက် ဘဝဇာတ်ကြောင်း မူပိုင်ခွင့်ရောင်းချမှုတို့ကနေ ဒေါ်လာသန်းပေါင်းများစွာ ရရှိမှုကို သတင်းပေးဖို့ ပျက်ကွက်ပြီးနောက် အခွန်ရှောင်မှုနဲ့ တရားစွဲထားတယ်လို့ အစိုးရရှေ့နေတွေက ပြောပါတယ်။

မက်ဖီးဟာ အိမ်ခြံမြေ၊ ကားနဲ့ ရွက်လှေ အပါအဝင် ပိုင်ဆိုင်သမျှ အရာတွေကို အခြားသူတွေအမည်နဲ့ Internal Revenue Service မသိအောင် ဖွက်ထားခဲ့တယ်လို့ ဆွဲချရှေ့နေတွေကပြောပါတယ်။

မက်ဖီးဟာ တင်နက်ဆီပြည်နယ်၊ မန်းဖစ်မြို့က ဖက်ဒရယ်တရားရုံးမှာ အခွန်ရှောင်မှုနဲ့ ဇွန်လမှာ တရားစွဲဆိုခံထားရပါတယ်။ တနင်္လာနေ့က မက်ဖီးကို စပိန်မှာ ဖမ်းဆီးခဲ့ပြီး အကျဉ်းသားလွှဲပြောင်းပေးဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

မက်ဖီးဟာ အစောပိုင်း အင်တာနက်လုံခြုံရေး software ဖန်တီးပြီးနောက် ထင်ရှားလာသူဖြစ်ပါတယ်။ သူနဲ့ပတ်သက်ပြီး အမေရိကန်နဲ့ ဘီလီဇ် အာဏာပိုင်တွေက စစ်ဆေးမှု ပြုလုပ်ခဲ့ကြဖူးပါတယ်။ စွဲချက်အရ မက်ဖီးဟာ ၂၀၁၄ ကနေ ၂၀၁၈ အတွင်း အခွန်ပေးဖို့ ပျက်ကွက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမဲ့ မက်ဖီးရရှိတဲ့ ဝင်ငွေတွေက antivirus software ကုမ္ပဏီကနေ ရရှိတာ ဒါမှမဟုတ် ဆက်နွှယ်မှု ရှိ၊ မရှိ မဖော်ပြထားပါဘူး။

-စိုးထက်
Ref: TheGuardian

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««