အခြေခံ ကလေးစိတ်ပညာဘာသာရပ်ကို အွန်လိုင်းမှ ဖွင့်လှစ်မည်

အခြေခံ ကလေးစိတ်ပညာဘာသာရပ် (Basic Child Psychology ) ကို January intake အတွက် Level 1 နဲ့ Level – 2 တန်းခွဲ တစ်တန်းစီ ဖွင့်လှစ်ပေးသွားမှာ ဖြစ်တဲ့အတွက် တက်ရောက်လိုသူတွေအနေနဲ့ စာရင်းပေးသွင်းနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။

ကိုဗစ်ကာလမှာ Stay at home နေရင်း မိမိရင်သွေးတွေနဲ့ ပိုမို အချိန်ပေးဖြစ်တဲ့ မိဘတွေ/ ဆရာ ဆရာမတွေ/ စိတ်ပညာဘာသာရပ်ကို စိတ်ဝင်စားတဲ့ ကျောင်းသားတွေအတွက်ပါ အသုံးဝင်မယ့် လက်တွေ့အသုံးချနိုင်မယ့် သင်ခန်းစာတွေဖြစ်တယ်လို့ သိရပါတယ်။ သင်တန်းတက်ရောက်ပြီး ပါက level 1 & 2 မှာအရေးကြီးတဲ့ သင်ခန်းစာတွေနဲ့ သိသင့်သိထိုက်တဲ့ အရာတွေကို အဆင့်အလိုက် သင်ကြားသွားမှာဖြစ်ပြီး ဆွေးနွေးအကြံပေးသွားမှာ ဖြစ်ပါတယ်။ ကလေးအရွယ်မှ ဆယ်ကျော်သက်အရွယ် အထိ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပြဿနာများကို နားလည်သဘောပေါက်ပြီး မိမိရဲ့ကလေး သို့မဟုတ် မိမိပတ်ဝန်းကျင်ရှိ ကလေးငယ်များရဲ့ စိတ်ပိုင်းဆိုင်ရာ အခက်အခဲများကို သိရှိနားလည်လာနိုင်လာခြင်း၊ ကလေးများနဲ့ လူငယ်များတွင် အတွေ့ရများသော စိတ်ပိုင်းဆိုင်ရာပြဿနာများကို ခွဲခြားတတ်လာခြင်း၊ အပြုအမူပိုင်းဆိုင်ရာ အခက်အခဲဖြစ်နေသော ကလေးများ/လူငယ်များရဲ့ လက္ခဏာရပ်များကို သိရှိပြီး မှန်ကန်သောနည်းလမ်းများဖြင့် ပြုပြင်ထိန်းကျောင်းနိုင်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရသော ကလေးများအား အနိုင်ကျင့်ခံရခြင်းများမှ ရှောင်ကြဉ်တတ်အောင် သင်ကြားပေးနိုင်သောနည်းလမ်းများကို သင်ယူနိုင်ခြင်း၊ ဆယ်ကျော်သက်အရွယ်တွင် အတွေ့ရများသော အစားအသောက်ဆိုင်ရာ ပြဿနာများနဲ့ အပြုအမူပိုင်းဆိုင်ရာ ပြဿနာများကို နားလည်သဘောပေါက်ပြီး မှန်ကန်သောနည်းလမ်းများဖြင့် မိမိ သားသမီးများကို ပြုစုပျိုးထောင်နိုင်ခြင်း စတဲ့ အကျိုးကျေးဇူးများကို ရရှိလာမှာ ဖြစ်ပါတယ်။။

သင်ကြားမယ့်ပုံစံကတော့ တိုက်ရိုက်သင်ကြားဆွေးနွေးခြင်း (face-to-face) နဲ့ မိမိကိုယ်တိုင် အွန်လိုင်းမှာ လေ့လာရမယ့် (self study) နှစ်မျိုးစလုံးပါဝင်မှာ ဖြစ်ပါတယ်။ နိုင်ငံတကာက အွန်လိုင်း တက္ကသိုလ်များကဲ့သို့ သင်ကြားနိုင်မှာလည်းဖြစ်ပါတယ်။ သင်တန်းကို Level I, Level II နှစ်မျိုးသင်ကြားပေးမှာဖြစ်ပြီး Level II အဆင့်ကိုတော့ Level I သင်ကြားပြီးသူတွေကိုသာ တတ်ရောက်ခွင့်ပေးမှာ ဖြစ်ပါတယ်။

သင်တန်းကို ဇန်နဝါရီ ၁၁ နဲ့ ၁၂ ရက်တွေမှာ စတင်မှာဖြစ်ပါတယ်။ သင်တန်းကြေးကတော့ Level I တစ်သိန်းကျပ်ဖြစ်ပြီး Level II ကတော့ သင်တန်းသားဟောင်းတွေအတွက် ရှစ်သောင်းကျပ်နဲ့ တက်ရောက်ခွင့် ပေးမှာပါ။ စုစုပေါင်း ကြာချိန် ကတော့ ၁ လ(lectures + self-study time + consultation) ကြာမြင့်မှာ ဖြစ်ပါတယ်။ အသေးစိတ်ကိုတော့ L.A Professionals Group ဖုန်း – ၀၉-၄၄၁၂၄၅၈၉၀ ကို စုံစမ်းမေးမြန်းနိုင်ပါတယ်။

-ကျော်ဇေယျ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««