အခြေခံသံတမန်ရေးရာ ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် ၄၃ အတွက် သင်တန်းသားခေါ်ယူ

အခြေခံသံတမန်ရေးရာ ကျွမ်းကျင်မှုသင်တန်း (Certificate Course in Basic Diplomatic Skills) အမှတ်စဉ် ၄၃ ကို စက်တင်ဘာလကုန်တွင် စတင်ဖွင့်လှစ်သင်ကြားပေးသွားမယ်လို့ သိရပါတယ်။

သင်တန်းကို နိုင်ငံတကာရေးရာနှင့် သံတမန်ရေးရာ ကိစ္စရပ်တွေမှာ စိတ်ပါ၀င်စားသူတွေ တက်ရောက်နိုင်ပြီး သံတမ်ရေးရာ သဘော တရားတွေကိုသိရှိ နားလည်စေရန်၊ Diplomacy နှင့်ပတ်သက်သော ဘာသာရပ််များ၊ အပြည်ပြည်ဆိုင်ရာ ညီလာခံနှင် အစည်း အဝေးကျင်းပခြင်း (International Conferencing)၊ စေ့စပ်ညှိနှိုင်းပြောဆိုမှုနည်းလမ်းများ (Negotiation Techniques) အပြည်ပြည်ဆိုင်ရာ ဥပဒေဘာသာရပ်များ (International Law)၊ စီးပွားရေးဘာသာရပ်များ (Economics) အပါအဝင် သံတမန်ရေးရာ (Protocol) နဲ့သက်ဆိုင်တဲ့ အခြေခံဘာသာရပ်တွေကို သင်ကြားရမှာ ဖြစ်ပါတယ်။

သင်တန်းမှာ နိုင်ငံခြားရေးဝန်ကြီးဌာန မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အငြိမ်းစားသံအမတ်ကြီးများ၊ ဝါရင့် သံအမတ်ကြီးများ၊ တက္ကသိုလ်များမှ ပါမောက္ခဆရာ/ဆရာမကြီးများ နဲ့ ကျွမ်းကျင်ပညာရှင်းတွေကိုယ်တိုင် သင်ကြားပို့ချပေးမှာဖြစ်ပါတယ်။ သင်တန်းသို့ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူတွေ တက်ရောက်နိုင်ပြီး သင်တန်းကာလ မှာ ၃ လကြာမြင့်မှာ ဖြစ်ပါတယ်။ သင်တန်းချိန်းတွေအနေနဲ့ နံနက်ပိုင်းတန်းခွဲ နံနက် ရ နာရီမှ ၉ နာရီ နှင့် ညနေပိုင်းတန်းခွဲ အနေနဲ့ ညနေ ၅ နာရီမှ ရ နာရီထိ ဖြစ်ပါတယ်။

လျှောက်လွှာတွေကို စက်တင်ဘာ ၄ ရက်မှ ၁၀ ရက်အထိ မဟာဗျူဟာလေ့ကျင့်ရေးဦးစီးဌာန၊ နိုင်ငံခြားဝန်ကြီးဌာန၊ စကားဝါလမ်း၊ ရန်ကုန်မြို့မှာ ရယူလျှောက်ထားနိုင်ပါတယ်။ အသေးစိတ်ကို ဖုန်း – ၂၂၁၅၃၇၊ ၂၂၁၅၃၁၊ ၂၂၂၀၂၈ ကိုဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။

-သန္တာ