အခြေခံလျှပ်စစ်နှင့်ဝါယာရိန်း သင်တန်းကို အွန်လိုင်းမှ ဖွင့်လှစ်မည်

အခြေခံလျှပ်စစ်နှင့် ဝါယာရိန်းပညာရပ်ကို စိတ်၀င်စားတဲ့ လူငယ်တွေအတွက် သင်တန်းအမှတ်စဉ် (၃) ကို နို၀င်ဘာ ၁၄ ရက်မှာ ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

သင်တန်းမှာ တကယ့်စာသင်ခန်းမှာ လာတက်သလို အကျိုးရှိစေဖို့ Audio, Video, E-Lecture, Live Lecture တွေပါ၀င်တယ်လို့ သိရပါတယ်။ သင်တန်းကာလ ၆ ပတ်ဖြစ်ပြီး သင်တန်းမှာ စာတွေ့သီးသန့် သင်တန်းနဲ့ စာတွေ့၊ လက်တွေ့ နှစ်ခုပေါင်းသင်တဲ့ သင်တန်းဆိုပြီး (၂) မျိုးရှိမှာ ဖြစ်ပါတယ်။ ပထမအမျိုးအစားကတော့ လက်တွေ့လုပ်ငန်းခွင်အတွေ့အကြုံရှိပေမယ့် ပညာရပ်ကို စနစ်တကျ မသင်ယူဖူးသူတွေအတွက် သင့်တော်ပြီး ဒုတိယအမျိုးအစားကတော့ စာတွေ့ ၊ လက်တွေ့ ဗဟုသုတ လုံး၀ မရှိသေးသူတွေအတွက် သင့်တော်တယ်လို့ သိရပါတယ်။ ဒုတိယ အမျိုးအစားကို သင်ယူမယ်ဆိုရင်တော့ အွန်လိုင်းသီးသန့် မဟုတ်တော့ဘဲ သင်တန်းကျောင်းကို ကိုယ်တိုင် လက်တွေ့ ၁၀ နာရီခန့် (အနည်းဆုံးနှစ်ရက်ခန့်) လာရောက်လေ့ကျင့်ဖို့ လိုမယ်လို့ သိရပါတယ်။

သင်တန်းကြေးက စာတွေ့သီးသန့်သင်တန်းအတွက် ပုံမှန်သင်တန်းကြေးရဲ့ ၅၀ ရာခိုင်နှုန်း (၃၂,၅၀၀ ကျပ်) နဲ့ စာတွေ့လက်တွေ့နှစ်ခုပေါင်း သင်တန်းအတွက် ပုံမှန်သင်တန်းကြေးရဲ့ ၈၀ ရာခိုင်နှုန်း (၅၂,၀၀၀ကျပ်) ကိုသာ ပေးသွင်းရမှာဖြစ်ပါတယ်။သင်တန်းပြီးမြောက်အောင်မြင်သူတွေကို သင်တန်းဆင်း Certificate ချီးမြှင့်မှာဖြစ်ပြီး လူဦးရေကန့်သတ် လက်ခံသင်ကြားမှာ ဖြစ်ပါတယ်။

သင်ကြားပုံ အသေးစိတ်နဲ့ အခြားအချက်အလက်တွေကို သိရှိလိုပါက GLORY Career Training Centre ဖုန်း – ၀၉၅၁၉၇၈၁၇ ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

-ကျော်ဇေယျ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««