
COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကြောင့် တစ်နိုင်ငံလုံးရှိ အခြေခံပညာအထက်တန်းကျောင်းတွေနဲ့ ကိုယ်ပိုင်ကျောင်းများ အားလုံးကို သြဂုတ် ၂၇ ရက်မှ စတင်ကာ ယာယီပိတ်မယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အထက်တန်းကျောင်း ၄၀၈ ကျောင်းနဲ့ ကိုယ်ပိုင်ကျောင်း ၁၈၉ ကျောင်းကို သြဂုတ် ၂၇ ရက် မှ စတင်ကာ ယာယီပိတ်မယ်လို့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားခဲ့ပါတယ်။
ယခုလက်ရှိမှာ အခြေခံပညာအထက်တန်းကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် ၂၀၂၀ ခုနှစ် ဇူလိုင်လ ၂၁ ရက်မှ သြဂုတ် ၁၆ ရက်ထိ အဆင်သင့်ဖြစ်သော A အဆင့်ရရှိတဲ့ ကျောင်းပေါင်း ၄၆၇၅ ကျောင်း ပြန်လည်ဖွင့်လှစ်ခွင့်ပြုထားခဲ့တာ ဖြစ်ပါတယ်။
-သန္တာ
»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««