အခြေခံပညာအထက်တန်းကျောင်းသားကျောင်းသူများကို SCG မှ ပညာသင်ဆုများပေးအပ်

မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတစ်ဝှမ်း ပျံ့နှံ့ဖြစ်ပွားလျက်ရှိတဲ့ COVID-19 ကပ်ရောဂါ ကာလအတွင်း ငွေကြေးပိုင်းဆိုင်ရာအခက်အခဲများ ကြုံတွေ့နေရတဲ့ မိသားစုများမှ ပညာသင်ယူဖို့ ခက်ခဲနေတဲ့ ရန်ကုန်တိုင်းဒေသကြီးနဲ့ မွန်ပြည်နယ်မှ ကျောင်းသား ကျောင်းသူတွေကို ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရမှ အခြေခံပညာအထက်တန်းအဆင့် ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်မှာ အခက်အခဲမရှိ ဆက်လက်ပညာသင်ယူနိုင်စေဖို့ ရည်ရွယ်ပြီး (၉) ကြိမ်မြောက် Sharing the Dream 2020 အစီအစဉ်မှ တစ်ဆင့် ပညာသင်ဆုတွေ ထောက်ပံ့ ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

ပညာသင်ဆုများကို ရန်ကုန်တိုင်းဒေသကြီးမှ ၃၉ ဦးနဲ့ မွန်ပြည်နယ်မှ ၄၂ ဦး စုစုပေါင်း ကျောင်းသားကျောင်းသူ ၈၂ ဦးထံသို့ လက်ရောက်လွှဲပြောင်းပေးအပ်ချီးမြှင့်ခဲ့ကြောင်း၊ ပညာသင်ဆုရရှိတဲ့ ကျောင်းသားများကို SCG မှ ငွေကျပ် ၂၅၀,၀၀၀ ကျပ်နဲ့ အသိအမှတ်ပြုလက်မှတ်ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရပါတယ်။

-အောင်သူ

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««